ပိုင်ကျုံမြို့ ပေါင်ကျေးရွာအုပ်စုနှင့် နောင်ခွီးကျေးရွာအုပ်စု လမ်းမကြီးပေါ်တွင် Box Culvert (၂)စင်း တည်ဆောက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ ပေါင်ကျေးရွာအုပ်စုနှင့် နောင်ခွီးကျေးရွာအုပ်စု လမ်းမကြီးပေါ်တွင် Box Culvert (၂)စင်း တည်ဆောက်ပေးလျက်ရှိ



MNP - ဖေဖော်ဝါရီ    ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်တွင် Box Culvert(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် (၉၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုးလမ်း) (44km-51.5km) အတွင်း (1.52m×1.52m×12.19m)R.C Box Culvert(၂)စင်း တည်ဆောက်ခြင်းနှင့် ချဉ်းကပ် လမ်းဆောင်ရွက်ခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံ ခန့်မှန်းတန်ဖိုးငွေကျပ်(၇၀.၇၉၅)သန်းဖြင့် တံတားအထူးအဖွဲ့ အမှတ် (၂၂) မှ ဦးချိုဝင်း (မြို့ပြ) တာဝန်ခံအင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

ယင်းလုပ်ငန်းများပြီးစီးပါက ပိုင်ကျုံမြို့ဒေသနေပြည်သူများနှင့် ကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့် သွားရေးလာရေးတွင် ယခင်ကထက် ပိုမိုအဆင်‌ပြေလာမည့်အပြင် ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် ဥတုသုံးပါးစလုံး အဆင်ပြေလွယ်ကူစွာ ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - နော်ခူးခူး၊စောဂျိုးဇက်ဂျူး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)