နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာနက မြို့သာယာလှပရေးအတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် Box Culvert များဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာနက မြို့သာယာလှပရေးအတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် Box Culvert များဆောင်ရွက်ပေးလျက်ရှိ


MNP -  ဖေဖော်ဝါရီ    ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်တွင်းသန့်ရှင်း သာယာလှပရေး၊ ဒေသခံများ သွားလာမှု လွယ်ကူချောမွေ့စေရေးနှင့် ဒေသထွက်ကုန်များ အချိန်နှင့်တပြေးညီ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေး ဌာနမှ မြို့ပြလမ်း/တံတားတည်ဆောက်ခြင်းနှင့် မွမ်းမံခြင်းစသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၁-၂၀၂၂ ခု ၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ငွေလုံးငွေရင်း လုပ်ငန်းတစ်ခုဖြစ်သည့် အမှတ်(၄)ရပ်ကွက်၊ ဇွန်ပန်းလမ်း Box Culvert(၃၀x၅x၃) ပေ၊ အမှတ်(၅)ရပ်ကွက်၊ ထင်းရှူးလမ်း၊ Box Culvert (၃၀x၅x၃) ပေနှင့် အမှတ်(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်း အရှည် ပေ ၅၀၀၊ အကျယ် ၁၂ ပေနှင့် ထု ၃ လက်မရှိ ကတ္တာရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာရေး အမှုဆောင်အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၏ ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်သိန်းသိန်းတင့်နှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အမှတ်(၅)ရပ်ကွက်၊ ရေကန်လမ်း ကို အရှည် ပေ ၇၀၀၊ အကျယ် ၁၂ ပေနှင့် ထု ၃ လက်မရှိ ကတ္တာရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး မကြာမှီပြီးစီးမည် ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်း ၄ ခုအတွက် မြို့နယ်စည်ပင်သာယာရေး ဌာန၏ ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းဖြင့် ဘဏ္ဍာငွေ ၂၉၁၄၀၀၀၀ ကျပ် ကုန်ကျခံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)