သံတွဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin / Sinopharm နှင့် Covid shield တို့ကို တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin / Sinopharm နှင့် Covid shield တို့ကို တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ

 


MNP - ဖေဖေါ်ဝါရီ    ၁၈

သံတွဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin / Sinopharm နှင့် Covid shield ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီမှစတင်၍ သံတွဲမြို့နယ်အတွင်းရှိကာကွယ်ဆေးထိုးစင်တာ(၁၀)ခုတွင် တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin သတ္တမအသုတ်(ပထမ)အကြိမ် တတိယနေ့ ထိုးနှံရာတွင် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံဝန်ထမ်း ၂၃ ဦး အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ(၂၁၉)ဦး၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ (၁၀)ဦး၊ မှီခိုသူ(၃၁)ဦး စုစုပေါင်း(၂၈၀)ကို ထိုးနှံပေးခဲ့သည်။

ထို့အပြင် သံတွဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စင်တာ(၁၀)ခုတွင် ပဉ္စမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံသူ စေတနာ့ပရဟိတဝန်ထမ်း ၃ ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း ၁၀ ဦး အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၂၀ ဦး၊ မှီခိုသူ ၇ ဦးနှင့် စုစုပေါင်း (၄၀) ဦးအား Sinopharm ထိုးနှံပေးပြီး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၁ ဦး၊ မှီခိုသူ ၁ ဦး စုစုပေါင်း(၂)ဦးတို့ကို Sinovac ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

ထို့နောက် ဆဌမအသုတ်(ဒုတိယအကြိမ်) Covidshield ကာကွယ်ဆေးကိုဘုန်းကြီး၊ သီလရှင်နှင့် သာသနာ့ဝန်ထမ်း ၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး၊ ဟိုတယ်မိုတယ်ဝန်ထမ်း ၁ ဦး၊ စားသောက်ဆိုင် လက်ဖက် ရည်ဆိုင် ဝန်ထမ်း ၄ ဦး အခြားဝင်ငွေ ရှိသော လုပ်ငန်းလုပ်ကိုင်သူ ၄၈၀ ဦး၊ ပြောင်းရွှေ့နှင့် ယာယီစခန်း များမှ ၂၀ ဦး၊ မှီခိုသူ ၁၅၇  ဦး၊ စုစုပေါင်း (၆၆၀)ဦးတို့အား  ထိုးနှံပေးခဲ့သည်။

ထိုသို့ ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် လျက်ရှိကြောင်းသိရှိရသည်။                                                                                                                 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)