သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin/Sinopharm နှင့် Covidshield တို့ကို ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin/Sinopharm နှင့် Covidshield တို့ကို ဒုတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိ

 


MNP - ဖေဖော်ဝါရီ    ၁၈

သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covaxin/Sinopharm နှင့် Covidshield ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ သံတွဲမြို့နယ်အတွင်းရှိ ကာကွယ်ဆေး ထိုးစင်တာ(၁၀)ခုတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covaxin  သတ္တမအသုတ်(ပထမ)အကြိမ် ဒုတိယနေ့ ထိုးနှံရာတွင် ဘုန်းကြီး၊ သီလရှင် သာသနာ့ဝန်ထမ်း(၁)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁)ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ(၁၄၅)ဦး၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ(၁၅)ဦး၊ မှီခိုသူ(၆၈)ဦး စုစုပေါင်း(၂၃၀)ကိုထိုးနှံပေးခဲ့သည်။

ထို့အပြင် သံတွဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ကာကွယ်ဆေးထိုး စင်တာ(၁၀)ခုတွင် ပဉ္စမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံသူနိုင်ငံ့ဝန်ထမ်း ၁ ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၁၀၂ ဦး၊ မှီခိုသူ ၁၂ ဦးနှင့် စုစုပေါင်း (၁၁၅)ဦးအား Sinopharm ထိုးနှံပေးပြီး အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၉ ဦး၊ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင် ဝန်ထမ်း ၁ ဦး စုစုပေါင်း(၁၀)ဦးတို့ကို Sinovac ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထို့နောက် ဆဌမအသုတ်(ဒုတိယအကြိမ်) Covidshield ကာကွယ်ဆေးကို နိုင်ငံ့ဝန်ထမ်း ၆ ဦး၊   ဟိုတယ်မိုတယ်ဝန်ထမ်း ၁ ဦး၊ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်ဝန်ထမ်း ၄ ဦး အခြားဝင်ငွေရှိသော လုပ်ငန်း လုပ်ကိုင်သူ ၅၉၇ ဦး၊ မှီခိုသူ ၂၁၇  ဦး၊ ဦး စုစုပေါင်း (၈၂၅)ဦးတို့အား  ထိုးနှံပေးခဲ့သည်။

ထိုသို့ဆေးထိုးနှံခြင်းကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)