စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ထိုးနှံပေးမည့် COVID ရောဂါကာကွယ်ဆေး သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ထိုးနှံပေးမည့် COVID ရောဂါကာကွယ်ဆေး သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက်


 MNP ၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ထိုးနှံပေးမည့် COVID ရောဂါကာကွယ်ဆေး သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက် ခဲ့သဖြင့် လူမှုကူညီရေးယာဉ်တစ်စီးအနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ထိုးနှံပေးမည့် COVID ကာကွယ်ဆေးများအား စစ်ကိုင်းမြို့နယ်ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများက SGG 4L-3365 နှင့်  HSE/1613 နံပါတ်တပ်ဆင်ထားသည့် Toyota Hiace အမျိုးအစားလူမှုကူညီရေးယာဉ် ၂ စီးဖြင့် မုံရွာမြို့ပြည်သူ့ဆေး ရုံကြီးသို့ သွားရောက်ထုတ်ယူခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် မုံရွာ-မန္တလေးကားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာခဲ့ရာ ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာ အနီး မုံရွာ-မန္တလေးကားလမ်းမိုင်တိုင်အမှတ် ၆၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြားအရောက်၌ NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများက လမ်း၏ ဝဲဘက်အခြမ်းမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ခဲ့သဖြင့် COVID ရောဂါကာကွယ်ဆေးများ သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိ သော်လည်း HSE/1613 လူမှု ကူညီရေးယာဉ်၏ ရှေ့လေကာမှန် ကွဲအက်ကာ ယာဉ်၏ ဝဲဘက်နောက်ဘီး ပွင့်ထွက် ပျက်စီးခဲ့ပါသည်။


ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး အကြမ်းဖက် သမားများ၏ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် COVID ရောဂါကာကွယ်ဆေး တင်ဆောင်လာသည့် လူမှုကူညီရေး ယာဉ်အား ပြန်လည်ပြင်ဆင်၍ စစ်ကိုင်းမြို့သို့ လိုက်ပါ ပို့ဆောင် ပေးခဲ့ပါသည်။


ထိုကဲ့သို့ ပြည်သူများအား ထိုးနှံပေးမည့် COVID ကာကွယ်ဆေးများ သယ်ဆောင်လာသည့် လူမှုကူညီရေး ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)