ကမာရွတ်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covid Shield)ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covid Shield)ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

 


MNP - ဖေဖော်ဝါရီ    ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်တွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ်(Covid Shield)ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉နာရီ ကမာရွတ် မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိတက္ကသိုလ်များ ဆေးရုံ(ရန်ကုန်)အရေးပေါ်နှင့် ပြင်ပလူနာဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကမာရွတ်မြို့နယ် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး ကမာရွတ်မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို  ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေး (Covid Shield)ဆက်လက် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါဆေးထိုးနှံရာသို့ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ် ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုအပြင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူပြည်သူများအား မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက် များနှင့် အညီ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

သတင်း - စိမ်းလဲ့

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)