MNP - ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော ဟိုနောင်ကျေးရွာ အုပ်စုအတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEID)ကို ယနေ့ နံနက် (၉)နာရီ အချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်းရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEID)ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းတို့ ပြုလုပ်ကာ ထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့်အနားယူစေခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်၍ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ ကျေးစာရေးနှင့် ကျေးရွာနေ ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ပါသည်။ အသက် (၁၈)နှစ် အထက် ပြည်သူများက ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ ထံမှ သိရသည်။
သတင်း - နောင်ဟေးငင်း
မြန်မာနေရှှု်နယ်ပို့စ်
No comments:
Post a Comment