ရသေ့တောင်မြို့၌ ကိုဗစ် -၁၉ ကာကွယ်ဆေး Covishield နှစ်ကြိမ်ထိုးနှံပြီးသူ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်း Booster dose စတင်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ကိုဗစ် -၁၉ ကာကွယ်ဆေး Covishield နှစ်ကြိမ်ထိုးနှံပြီးသူ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်း Booster dose စတင်ထိုးနှံ


MNP ၊ ဖေဖော်ဝါရီ  ၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကိုဗစ် -၁၉ ကာကွယ်ဆေး Covishield အမျိုးအစားနှစ်ကြိမ် ထိုးနှံပြီးစီး ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ အား ကိုဗစ် -၁၉ ကာကွယ်ဆေး ထပ်ဆောင်း Boostet dose အဖြစ် ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။






ထိုသို့ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ် -၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း စသည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပြီး ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။


အဆိုပါ ကိုဗစ် - ၁၉ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - အောင်စံထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)