အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး doses (၁) သိန်း ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး doses (၁) သိန်း ရောက်ရှိ



MNP ၊ ဖေဖော်ဝါရီ ၂၀


အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး doses (၁)သိန်း တင်ဆောင်လာသော မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ခရီးစဉ် အမှတ် HM-621 လေယာဉ်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။


အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) လေယာဉ်ဖြင့် ရောက်ရှိလာသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မြို့မကျောင်း လမ်းရှိ နယ်မြေခံ ဆေးသိုလှောင်ရေးတပ်မှ တာဝန်ရှိသူများက လေဆိပ်တွင် လွှဲပြောင်းလက်ခံ ရယူသည်။


ထိုသို့ ရောက်ရှိလာသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် (10 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံးရေ (၁၀၀၀၀) ဆေးပုံး အရေအတွက်ရေခဲဖော့ပုံး (Thermocol Boxes)(၂၀)ပုံး အလေးချိန် ၄၀၀ ကီလိုဂရမ် ရောက်ရှိလာခြင်း ဖြစ်သည်။


အဆိုပါ COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးတစ်ပုလင်းလျှင် လူ(၁၀)ယောက် ထိုးနိုင်ပြီးလူဦးရေ doses (၁)သိန်းအတွက်ဖြစ်ကြောင်း သိရသည်။ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ လေဆိပ်သို့ ရောက်လာသောဆေးများကို အအေးလမ်းကြောင်းမပျက် မော်တော်ယာဉ်များဖြင့် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ နယ်မြေခံ ဆေးသိုလှောင်ရေးတပ်(စတိုခွဲ)သို့ ပို့ဆောင်ထားရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)