ဂွမြို့တွင် CPRH, NUG, PDF အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ရန် K pay အကောင့်ဖွင့်၍ ငွေကြေးအလှူခံရန် အမည်ခံနှင့် နောက်ကွယ်မှလှုပ်ရှားသူအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် CPRH, NUG, PDF အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ရန် K pay အကောင့်ဖွင့်၍ ငွေကြေးအလှူခံရန် အမည်ခံနှင့် နောက်ကွယ်မှလှုပ်ရှားသူအား ဖမ်းဆီးရမိ


MNP ၊  ဖေဖော်ဝါရီ   ၂၂

ဂွမြို့တွင် CPRH, NUG, PDF အဖွဲ့များအား ငွေကြေးထောက်ပံ့ရန် K pay အကောင့်ဖွင့်၍ ငွေကြေးအလှူခံခဲ့သူအမည်ခံနှင့် နောက်ကွယ်မှလှုပ်ရှား ဆောင်ရွက်သူအား ဖေဖော်ဝါရီလ(၁၉)ရက်နေ့က ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဂွမြို့၊ ဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဆားချက်ကွင်းရွာနေ အဘဦးမျိုးညွန့်၏သား နိုင်နိုင်အေး(၃၁)နှစ်သည် Naing Naing Aye အမည်ဖြင့် Kpay အကောင့်ဖွင့်ပြီး" Kpay Naing Naing Aye 09761960585 Reference ကိုတော်လှန်ရေးနဲ့မဆိုင်တာ ရေးပေးပါ။ လွှဲပြီးရင် screen shoot ရိုက်ပြီး ပြန်လာပြပေးပါနော်။ ငွေလက်ခံပမာဏ စစ်ရမှာမို့ပါ၊ ဒီအတွက် ငွေစာရင်းချုပ်ကို နှစ်ပတ်အတွင်း ထုတ်ပြန်ပေးပါ့မယ်ရှင်" " ကရင်နီ ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေဆီကို ထောက်ပံ့ငွေ(၁၀)သိန်းကျပ် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်" " အရေးတော်ပုံ အောင်ရမည်.." စသည့်စာသားများရေး၍ အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည့် CPRH, NUG, PDF အဖွဲ့များအား ငွေကြေးထောက်ပံ့ရန် အလှူခံခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။


ထို့နောက် နိုင်နိုင်အေး အလုပ်လုပ်ရာ အောင်မင်္ဂလာခန်းမ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့  သွားရောက်ရှာဖွေခဲ့ရာ နိုင်နိုင်အေး(၃၁)နှစ်၊ နေ့စားလုပ်သား အသုံးပြုနေသည့် လက်ကိုင်ဖုန်းနှင့် မှတ်ပုံတင်ကတ်တို့ကို သိမ်းဆည်းစစ်ဆေးခဲ့ပြီး ၎င်း၏အစစ်ခံထွက်ဆိုချက်အရ နိုင်နိုင်အေး  အမည်၊ အဘအမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့ကို အသုံးပြုပြီး လုပ်ငန်းခွင်အတွင်း အတူလုပ်ကိုင်နေသူ မြို့ပြအင်ဂျင်နီယာ ဇင်မိုးပိုင်(ခ)ပီတာ က Kpay အကောင့်ဖွင့်ပြီး နောက်ကွယ်က လှုပ်ရှားဆောင်ရွက်နေကြောင်း၊ ဇင်မိုးပိုင်(ခ) ပီတာ ထံတွင် Kpay အကောင့်ဖွင့်ထားသည့် ဖုန်းဆင်းကတ်ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုဆောင်ရွက်လျက် ရှိကြောင်းသိရသည်။


သတင်း - မိုးစက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)