ဖျာပုံမြို့နယ်၊ အမာမြို့၊ ထောင့်ကြီးတန်းကျေးရွာ Cyclone.Shelter သစ်လွှဲပြောင်းပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်၊ အမာမြို့၊ ထောင့်ကြီးတန်းကျေးရွာ Cyclone.Shelter သစ်လွှဲပြောင်းပေးအပ်ပွဲကျင်းပ


MNP - ဖေဖော်ဝါရီ     ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင့်ကြီးတန်းကျေးရွာသည် ပင်လယ်ကမ်းခြေဒေသဖြစ်ပြီး လေပြင်းဘေး၊ မုန်တိုင်းဘေး၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဘေးအန္တရာယ် ကျရောက်ပါက လုံခြုံစိတ်ချစွာ နားခိုနိုင်ရန် ရည်ရွယ် ၍ Cyclone. Shelter သစ်လွှဲပြောင်းပေးအပ်ပွဲကိုယမန်နေ့ နေ့လည်ပိုင်းက ထောင့်ကြီးတန်းကျေးရွာ Cyclone. Shelter ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ Cyclone. Shelter သစ်လွှဲပြောင်းပေးအပ်ရာတွင် ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းထံသို့ KKCG ကုမ္ပဏီမှ MD ဦးထွန်းခိုင်က Cyclone. Shelter သစ်လွှဲပြောင်းပေးအပ်ပြီး ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းက ထောင့်ကြီး တန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ထံသို့ ထပ်မံလွှဲပြောင်း ပေးအပ်ခဲ့ကြသည်။ အဆိုပါ Cyclone. Shelter အား နိုင်ငံတော်မှ ငွေကျပ်သိန်းပေါင်း (၂၆၈၀) အကုန်အကျခံကာ စတုရန်း ပုံသဏ္ဍာန်ဖြင့် ၂၀၁၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပြီးစီးအောင်မြင့်ခဲ့ရာ လူဦးရေ(၅၀၀)ကျော်ခန့် ဘေးအန္တရာယ် ကင်းရှင်းစွာနားခိုနိုင်ကြောင်းနှင့် ထောင့်ကြီးတန်း ကျေးရွာသည် အိမ်ထောင်စု(၂၀၀)ကျော်၊ လူဦးရေ(၅၀၀)ဦးခန့် တည်ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပြီး ဖျာပုံခရိုင်အနေဖြင့် ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီး၊ Cyclone.Shelter (၄၃)လုံးရှိပြီ ဖြစ်ကြောင်း၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရှိရသည်။

သတင်း - အောင်ဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)