ဘားအံမြို့နယ် ကော့ကဒါကျေးရွာအုပ်စုရှိ DENKO ဓာတ်ဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ် ကော့ကဒါကျေးရွာအုပ်စုရှိ DENKO ဓာတ်ဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား





MNP - ဖေဖော်ဝါရီ    ၁၉

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ကဒါကျေးရွာအုပ်စုတွင်ရှိသည့် DENKO ဓာတ်ဆီဆိုင်တွင် ယနေ့မွန်းလွဲ ၃ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘားအံမြို့နယ်၊ ကော့ကဒါကျေးရွာအုပ်စု၊ ကော့ကဒါကျေးရွာ DENKO ဓာတ်ဆီဆိုင် မီနီမတ်ဈေးဆိုင်အနီးတွင် ရပ်တန့်ထားသည့် HONDA FIT ခဲရောင်မော်တော်ယာဉ်ပေါ်မှ လက်နက်အတို (၁) လက်နှင့် အရှည် (၁) လက်ကိုင်ဆောင်ထားသည့် လူ (၅) ဦးဆင်းလာကာ ဝန်ထမ်းများအားစုစည်းစေခဲ့ကြောင်း၊ ဆီပန့်နေရာအနီးနှင့် ဆီလှောင်ကန်နေရာအနီးတို့တွင် မိုင်း(၂)လုံးထောင်၍ မန်နေဂျာထံမှ ဆီဖိုးရောင်းရငွေကျပ် သိန်း (၁၆၀) ခန့် ယူဆောင်ပြီး  ဆိုင်ဝန်ထမ်းများအား ဆိုင်အပြင်သို့ ခေါ်ထုတ်သွားကြောင်း၊ ၎င်းနောက် ထောင်ထားခဲ့သည့် မိုင်း (၂) လုံးအား ဖောက်ခွဲကာ ဆီပန့်တွင် အလုပ်လုပ်ကိုင်သူဝန်ထမ်း၏ HONDA FIT အဖြူရောင် မော်တော်ယာဉ်ကိုပါ ယူဆောင်မောင်းနှင်၍ ကား (၂) စီးဖြင့် သာမညဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဆီပန့်(၁)လုံး၊ ဆီလှောင်ကန်အဖုံးနှင့် မီနီမတ်ရှေ့တွင် ကာရံထားသော မှန်များကွဲကြေ ပျက်စီးသွားကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)