KGတန်းက ဖြုတ်ဗျည်းရှစ်လုံးပြန်ထည့်ဖို့ ၂၀၂၂-၂၃စာသင်နှစ်မှာစကြစို့ (စာတလုံးဘုရားတဆူ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KGတန်းက ဖြုတ်ဗျည်းရှစ်လုံးပြန်ထည့်ဖို့ ၂၀၂၂-၂၃စာသင်နှစ်မှာစကြစို့ (စာတလုံးဘုရားတဆူ)



မောင်ဌေး။ ။ (စာတလုံးဘုရားတဆူ) ဆိုတဲ့စကား ငယ်ငယ်ကကြားဖူးပေမယ့်၊ ဘာကြောင့်ပြောမှန်းမသိပါ။ FBမှာရေးတာတွေ့မှရှင်းသွားပါတယ်။ အဲဒီကနေ၂၀၁၆ မတ်၁၆ စံတော်ချိန်သတင်းစာမှ ာဆရာကြီးဟံသာဝတီဦးအုန်းကြိုင်ကဗျည်း၈လုံးဖြုတ်ရင်၊ ကျရောက်လာမယ့်ဆိုးကျိုးတွ ရေးပြခဲ့တာကို၊ သတိရပြီး၊ ဒီနေ့ကျော်မကောင်း ကြားမကောင်းဖြစ်ရပ်ပေါင်းစုံဟာ၊ မြန်မာအက္ခရာ ၈လုံးဖြုတ်သင်လို့ ဖြစ်နေတာလားလို့ သံသယထားမိပါတယ်။ ကိုဌေးကောFBက (အက္ခရာဘုရားရှိခိုး)ကို အရင်ကတွေ့ဖူးကြားဖူးပါသလား။




ကိုဌေး။ ။အဖွား အမေတုတ်က စာရွက်တွေကိုခြေနဲ့မနင်းဖို့၊ အက္ခရာ တလုံးတိုင်းမှာ ဘုရားတဆူရှိကြောင်းကို ဘယ်လောက် နင်းမိသလဲ၊ နင်းမိသလောက်အပစ် ကြီးကြောင်း မူလတန်းအရွယ်ကတည်းက သွန်သင်ပြပါတယ်။ အဖွားက ရွတ်ဆိုလည်းပြပါတယ်။ အဖေရဲ့ မူလတန်းပြဆရာဦးထွန်းရှိန် (ယခင် အယ်န်.အယ်လ်.ဒီ အစိုးရဝန်ကြီး ဦးဟန်ဇော်ဦး လေးအရင်း) က ကိုလိုနီခေတ် နော်မန်ဆရာအတတ်သင်ဆင်းပါ။ ကျွန်တော်မူပြဆရာ ၁၉၇၈ မှာ ဖြစ်တော့ ဆရာဖြစ်ပြီးစာအုပ်စာရွက်တွေ ဟိုပြန့် သည်ကျဲထားလို့ စာပေကို မရိုသေရကောင်းလားဆိုပြီး အပစ်တင်၊ သူ့မှတ်စုစာအုပ်က စာတလုံးဘုရားတဆူရေးထားတာကိုပြပါတယ်။ အဖေ့ရဲ့ဆရာကြီးဟာ ကိုလိုနီခေတ်စာနယ်ဇင်းတွေ သူ့မှတ်စုတွေအသိမ်းကောင်းသူပါ။ ၂၀၁၆ယခု KG သစ်စတော့ လူမှုကွန်ယက်မှာ အသက်၈၀ ကျော်အဖွားရွတ်ဆိုပြဟန်ကော အသံကောတွေ့ဖူးကြားဖူးပါတယ်။  အဲဒါကြည့်လိုက်ရတော့ အမေတုတ်နဲ့ အဖေရဲ့ဆရာကြီးကို သတိရမိပါတယ်။ ရှေးကဗျည် း၃၃လုံးကိုမှတ်မိ အောင်ဘုရားရှိခိုးပုံစံနဲ့ တွဲစပ်သင်ကြားလေသလားလို့ အခုမှတွေးမိပါတယ်။


မောင်ဌေး ။ ။ ၁၉၄၈-၆၅ ကKGမှာ ဆရာကြီးမင်းသုဝဏ်ရဲ့ (က-ကဇွန်းပင်၊ ရေမှာရွှင်) ၁၉၆၆ က ၁၉၈၃ထိ ဆရာကြီးတက္ကသိုလ်မောင်မောင်ကြီးရဲ့(က-ကညစ်-ပေမှာခြစ်)၊ ၁၉၈၄ကယနေ့ ၂၀၂၂ထိဆရာတင်မိုးရဲ့ (ကကလေးငယ်၊ ချစ်စဖွယ်) ဗျည်းကဗျာတွေသင်သလိုပေါ့။ ဗျည်း၃၃လုံး ဘုရားရှိခိုးစာပေါ်ပေါက်ချိန် သိပါသလား။


ကိုဌေး ။ ။ ရှေးကတည်းက၊ စာသင်သားတွေမှတ်မိလွယ်အောင်၊ သိချင်တတ်ချင်စိတ်ဝင်လာအောင်၊ အတိုကောက်မှတ်နည်း၊ လင်္ကါကဗျာနည်းတွေနဲ့ သင်ကြပါတယ်။ အခုဗျည်း၃၃လုံး စလုံးကို ကိုယ့်ရဲ့ ဗုဒ္ဓသမိုင်းနဲ့ပါ သိသွားစေတဲ့နည်း၊ ဗုဒ္ဓဝင်ဖြစ်ကို ငယ်စဉ်ကတည်းက ရင်ထဲမှာကိန်းအောင်းသွားစေတဲ့ နည်းလို့ယူဆမိပါတယ်။ ရှေးမြန်မာဘုရင်တွေခေတ်က ပေါ်ပေါက်တဲ့စာလို့ သေချာမပြောနိုင်ပေမယ့်၊ ကိုလိုနီခေတ်ဦးကတည်းက ရှိခဲ့မယ်လို့ယူဆပါတယ်။ ကျွန်တော့ အမေကြီး၊ အဖေ့ဆရာနဲ့ FBမှာရွတ်ပြတဲ့အဖွားတို့ဟာ ကိုလိုနီခေတ်မှာ စာသင်ကြီးပြင်းလာသူတွေပါ။ ၂၀၁၆က FBလူမှုကွန်ရက်မှာ ရွတ်ဆိုပြတဲ့ အဖွားအသံဟာ အက္ခရာတလုံးချင်း အသံပြီပြီသသ အဓိပ္ပါယ်ရှင်းရှင်းဖွင့်ဆိုနိုင်တာ၊ အဲသလိုရွတ်ဆိုနိုင်သူ ကျန်နေသေးတာ ထောက်ရှုပြီး ကိုလိုနီခေတ်က ဘုန်းကြီးကျောင်းနေသူတိုင်းရခဲ့ ကြမယ်ထင်ပါတယ်။ တွေးမိသေးတာက ကိုလိုနီခေတ်အစိုးရကျောင်း KGတန်းမှာ (ဍ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ) ဗျည်း၆လုံး ဖြုတ်သင်လို့ အဲဒီခေတ်ပညာရှိတစ်ဦးဦးက ဗျည်းအက္ခရာတွေအပေါ် အလေးထားအောင် ရှေးကရှိပြီး စာပြန်ဖော်ထုတ်သလား၊ တီထွင်ရေးသလားတွေးစရာပါ။ ဆရာကြီးဦးအုန်းကြိုင်တို့လို ကိုလိုနီခေတ်ဖြတ်သန်းလာသူက ဗျည်းမဖြုတ်သင့်တာ ဖြုတ်ရင်ကျရောက်မယ့်အန္တရာယ် ပြောတာဖတ်ရတော့လည်း  ကိုလိုနီခေတ်အရင်ကပဲ ရှိခဲ့လေသလားအတွေးပွားမိပါတယ်။ FB မသုံးတဲ့သူတွေသိရအောင်( နမောဗုဒ္ဓဿ"အက္ခရာဘုရားရှိခိုး ")ရေးပြလိုက်ပါတယ်။

၁။ က - ကကြီးဟူသည်ကား၊ ကိလေသာမာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၂။ ခ - ခခွေးဟူသည်ကား၊ ခန္ဓမာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၃။ ဂ - ဂငယ်ဟူသည်ကား၊ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄။ ဃ - ဃကြီးဟူသည်ကား၊ ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသောမြတ်စွာဘုရား။

၅။ င - ငဟူသည်ကား၊ မာန်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၆။ စ - စလုံးဟူသည်ကား၊ စကြဝဠာ တစ်သိုက် တုဖက်ပြိုင်ဖက် ရှိတော်မမူသော မြတ်စွာဘုရား။

၇။ ဆ - ဆလိမ်ဟူသည်ကား၊ ဆယ်ပါးသော ဒုစရိုက်ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား။

၈။ ဇ - ဇကွဲဟူသည်ကား၊ ဇာတိဿရဉာဏ်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၉။ ဈ - ဇမျဉ်ဇွဲဟူသည်ကား၊ ဈာန်သမာပတ်အပေါင်း ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၁၀။ ည - ညဟူသည်ကား၊ ဉေယျဓံတရား ငါးပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၁၁။ ဋ - တတလင်းချိတ်ဟူသည်ကား၊ ဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို ဆရာမရှိ ကိုယ်ကိုတိုင်သိတော်မူသော 

 မြတ်စွာဘုရား။

၁၂။ ဌ - ဌဝန်ဘဲဟူသည်ကား၊ ပဋ္ဌာန်းကျမ်းကို အောင်မြင်တော်မူသောမြတ်စွာဘုရား။

၁၃။ ဍ - ဒရင်ကောက်ဟူသည်ကား၊ ကောဒညပုဏ္ဏားသည် လက်ညိုးတစ်ချောင်းထောင်ပြ၍ ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟုပြောဆိုခံရသော မြတ်စွာဘုရား။

၁၄။ ဎ - ဓရင်မှုတ်ဟူသည်ကား၊ ဒီပင်္ကရာမြတ်စွာဘုရားရှေ့တော်၌ အနိယတ ဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူသော မြတ်စွာဘုရား။

၁၅။ ဏ - ဏကြီးဟူသည်ကား၊ တဏှာတည်းဟူသော အမိုက်မှောင်တို့ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား။

၁၆။ တ - တဝမ်းပူဟူသည်ကား၊ တစ်ထောင်မကသော ဒိဋ္ဌိတို့ကို ဆုံးမတော်မူသော မြတ်စွာဘုရား။

၁၇။ ထ - ထဆင်ထူး ဟူသည်ကား၊ထူးမြတ်သော တရားအပေါင်း၌ပြည့်စုံတော်မူသောမြတ်စွာဘုရား။

၁၈။ ဒ - ဒဒွေးဟူသည်ကားဒိပ္ပစက္ခု ရွှေဉာဏ်တော်ကိုရတော်မူသောမြတ်စွာဘုရား။

၁၉။ ဓ - ဓအောက်ချိုက်ဟူသည်ကား၊ ဓမ္မစကြာတရားအပေါင်း၌ ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၂၀။ န - နငယ်ဟူသသည်ကား၊ နိဗ္ဗာန်ခေမာ ပြည့်အောင်ဉာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော မြတ်စွာဘုရား။

၂၁။ ပ - ပစောက်ဟူသည်ကား၊ ပုဗ္ဗေသိဝါသနုဿတိဉာဏ်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၂၂။ ဖ - ဖဥထုပ်ဟူသည်ကား၊ ဖိုလ် ၊ မဂ် ချမ်းသာကိုအောင်မြင်တော်မူသော မြတ်စွာဘုရား။

၂၃။ ဗ - ဗလချိုက်ဟူသည်ကား၊ ဗောဓိပင်ကို အောင်မြင်တော်မူသောမြတ်စွာဘုရား။

၂၄။ ဘ - ဘကုန်းဟူသည်ကား၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၂၅။ မ - မဟူသည်ကား၊ မစ္စုမာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၂၆။ ယ - ယပလက်ဟူသည်ကား၊ ယမက ဗျာဒိယာ၌ ရတနာရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၂၇။ ရ - ရကောက်ဟူသည်ကား၊ ရတနာခြောက်သွယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၂၈။ လ - လဟူသည်ကား၊ လူသုံးပါးတို့တွင် တုဖက် ပြိုင်ဖက်ကင်းတော်မူသော မြတ်စွာဘုရား။

၂၉။ ဝ - ဝဟူသည်ကား၊ ဝသုန်န္ဒြေ မြေစောင့်နတ်သားသည် သက်သေပြု၍ မာနတ်မင်းအားခုခံ အောင်မြင်တော်မူသော မြတ်စွာဘုရား။

၃၀။ သ - သဟူသည်ကား၊ သစ္စာလေးပါး တရားအပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၃၁။ ဟ - ဟဟူသည်ကား ဟန်ဒဒါနိ ဘိက်ခဝေပါဋ္ဌိတော်လာသည်နှင့် အနိယတဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား။

၃၂။ ဠ - လကြီး ဟူသည်ကား၊ ဝေဠုဝန်ကျောင်းတော်၌ လပြည့်ဝန်းကဲ့သို့ ပြည့်ထွန်းတော်မူသော မြတ်စွာဘုရား။

၃၃။ အ - အဟူသည်ကား၊ နေအ ရုဏ်မတက်မှီ အာသဝေါကင်း၍ အာသဝက္ခယဉာဏ်ကို ရတော်မူသော မြတ်စွာဘုရား။

ထို့ကြောင့် စာတစ်လုံးဘုရားတစ်ဆူဟု ရှေးလူကြီးသူမတို့ဆိုရိုးရှိခဲ့ပေသည်။


မောင်ဌေး ။ ။ ကိုလိုနီခေတ်ဦးအင်္ဂလိပ်အ စိုးရကျောင်းတွေကဗျည်း ၆ လုံးဖြုတ်တယ်။ NLDခေတ်မှာ (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ) ၈လုံးဖြုတ်တယ်။ ဘာ့ကြောင့်ပါလဲ။ ကိုလိုနီခေတ်မှာ မြန်မာစာတန်ဖိုးထားသူတွေက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ NLDခေတ်သင်ရိုးသစ် စတဲ့ KGမှာ ဒီဗျည်း၈လုံးဖြုတ်တာကို လွှတ်တော်ထဲမှာရော ပြင်ပပညာရှင်တွေကရော မကန့်ကွက်ခဲ့ကြတဲ့အပေါ် သုံးသပ်စေချင်ပါတယ်။


ကိုဌေး ။ ။ (၁၉၁၉ အောက်တိုဘာလ ပုသိမ်မှာကျင်းပတဲ့ Y.M.B.A ကွန်ဖရင့်မှာ ဆရာတော်ဦးနာဂိန္ဒ က ဗျည်း၆လုံးဖြုတ်ပြီး သင်တာကိုကန့်ကွက်ပါတယ်။ ၁၉၂၀ ဒီဇင်ဘာ၂၈၊ ၂၉မှာ မြန်မာကျောင်းဆရာများ ကွန်ဖရင့်က သူငယ်တန်းဖတ်စာအုပ်မှာ အက္ခရာအပြည့်အစုံ ပြန်သင်ဖို့ဆုံးဖြတ်ပါတယ်။ အင်္ဂလိပ်အလိုတော်ရိ အစိုးရ မြန်မာဆရာတွေက ပထမတန်းမှာအပြည့်အစုံ ပြန်သင်လို့ မြန်မာဆရာတွေ အဆိုတင်ချက်ကိုကန့်ကွက်ခဲ့ပါတယ်။ ဗျည်း၆လုံး ဖြုတ်ရခြင်းက "မြန်မာစာသင် ကြားတဲ့နိုင်ငံခြားသားနဲ့ ဥရောပကလေးတွေ အကျိုးဖြစ်ပြီး အက္ခရာတလုံးလျှင် ဘုရားတဆူဟူ၍ပင် ယူဆထားသော မြန်မာတိုင်းရင်းသားတို့ယဉ်ကျေးမှုကို ချိုးနှိမ်ထားခြင်းဖြစ်သည်" လို့ ၈-၁-၁၉၂၁ သူရိယသတင်းစာမှာ ဖော်ပြခဲ့ပါတယ်)  ဒီအကြောင်းတွေကိုဆရာ (ဦးဧကျော် ရေး မြန်မာနိုင်ငံအမျိုးသားပညာရေး သမိုင်း) စာ ၁၆၆မှာ တွေနိုင်ပါတယ်။ အင်္ဂလိပ်အစိုးရကျောင်းတွေမှာ ဗျည်း၆လုံးဖြုတ်ပေမဲ့ ၁၉၂၀ ဒီဇင်ဘာ၁၇ကစပေါ်လာတဲ့ တနိုင်ငံလုံးမှာရှိတဲ့ အမျိုးသား ကျောင်းတွေက၊ ဗျည်းစုံသင်လို့ ကိုလိုနီခေတ်မှာ မြန်မာစာအောက်မကျခဲ့ပါ။ NLDခေတ် ဗျည်း၈လုံးဖြုတ်တာကို ပညာရေးတာဝန်ရှိသူတွေက ခိုင်လုံစွာ အကြောင်းမပြနိုင်ပါဘူး။ ကလေးတွေအတွက် ခက်တယ်လို့သတ်မှတ်ပြီး ပထမတန်းမှာ ပြန်ထည့်ပါတယ်လို့ပဲ ကိုလိုနီခေတ်က အလိုတော်ရိဆရာတွေ ပြောသလိုပြောကြပါတယ်။ ပုဂံခေတ်ကကုန်းဘောင်ခေတ်ထိရယ်၊ ကိုလိုနီခေတ်ကနေ ၂၀၁၅ထိအောင်ရယ်၊ ပါရဂူဘွဲ့ ယနေ့ မြန်မာစာသင်ရိုးပြုစုသူတွေကိုယ်တိုင် ဗျည်း၃၃လုံးအပြည့်ရေး စသင်လာသူကြီးပါ။ အဲဒီ ၈လုံးခက်တယ်လို့ ခေတ်အဆက်ဆက် မြန်မာတိုင်းရင်းသား သင်ကြားသူရော သင်ယူသူပါ ညည်းညူသံ မထွက်ခဲ့ပါဘူး။ NLDခေတ် သင်ရိုးပြုစုစီမံသူတွေရဲ့ ထင်ရာလုပ်မှု ဒဲ့ဝေဖန်ရရင် မြန်မာစာပေဖျက်ဆီးမှုပါ။ လွှတ်တော်တွင်း မကန့်ကွက်တာကတော့ NLD တွေက ကိုယ့်ဖဲကိုယ်ချိုးတာမို့ မဖော်တာပါ။ ပြည်ခိုင်ဖြိုးအမတ်တွေက ပညာရေးနဲ့ပတ်သက်လို့ သိသူစိတ်ဝင်စားသူမရှိပါ။ ပြင်ပပညာရှင် မြန်မာစာအဖွဲ့တွေက မကန့်ကွက်ကြတာညံ့လို့ပါ။ ဒါပေမယ့် 2-2-2016နဲ့ 16-3-2016 စံတော်ချိန်သတင်းစာမှ ာဆရာကြီးမောင်ကောင်းမြင့်ကဆောင်းပါးနဲ့၊ ဈန်မောင်မောင်က ကာတွန်းနဲ့၊ ဆရာကြီးဟံသာဝတီဦးအုန်းကြိုင်က(သုံးဆယ့်သုံးသွယ် ဗျည်းနက်ကျယ်ဘယ်သူ ဘယ်ကိန်းဆိုက်မည်နည်း) ကဗျာရေးဖွဲ့ပြီး မလုပ်သင့်ကြောင်း တင်ပြခဲ့တာ မြန်မာသမိုင်းမှာ အမှန်တင်ပြသူတွေရှိတာမို့ဖြေသိမ့်စရာပါ။ ဆရာကြီးဦးအုန်းကြိုင်က ဗျာဖတ်ရတုန်းက ကျွန်တော်အလေးအနက်မယုံကြည်မိပါဘူး။ ၂၀၁၆မှ ၂၀၂၀အတွင်း ငလျင်ဘေး၊ ရခိုင်ပြဿနာ၊ မော်လမြိုင်ရေဘေးမြေပြို၊ နောက်ကိုဗစ်၁၉ အဖြစ်မျိုးတွေကို သဘာဝလို့ပဲပေါ့ပေါ့တွေးမိပေမယ့်၊ ၂၀၂၁မှာတော့ လိုက်နာရမယ့် ဓလေ့ထုံးတမ်းတွေ အာဏာပိုင်တွေချိုးဖောက်လို့များ၊ သည်ငါးနှစ်မှာအဖြစ်ဆိုးတွေ ကြုံရသလားလို့ တွေးလာမိပါတယ်။ ဆရာကြီးဟံသာဝတီဦးအုန်းကြိုင် ကဗျာ ၁၆ပိုဒ်ရွတ်ပြပါ့မယ်။ တပိုဒ်ခြင်း အနှစ်ချုပ်ပြောပြပေးပါ။


၁။"အက္ခရာ ဧကဉ္စဗုဒ္ဓရူပံ"၊ဧကန်အမှန်ရှိ

ပညာရှိကဝိအများ၊တည်ကာထားသည်

စေတီတော်အလား၊အက္ခရာများကို

ဖျက်ငြားလိုသူ၊လူထိုတို့ကို

သိစေလိုသား၊ပြောကြားငြားအံ့

မှတ်လေပညာရှိ၊ခေတ်ကဝိတို့ ....။

မောင်ဌေး ။ ။ အက္ခရာတလုံးချင်း တလုံးချင်းမှာ ဗုဒ္ဓရုပ်ပွားတော်ရှိတာကို ရှေးကဝိပညာရှိတွေက ဆိုထားတယ်။ သည်နေ့ဒေါက်တာဘွဲ့ရ ခေတ်ကဝိအမည်ခံ ပညာရှိတို့နဲ့ ဗျည်း၈လုံးဖြုတ်တာ ထောက်ခံကြတဲ့လော်ဘီအလိုတော်ရိတွေ သိစေချင်လို့ ဆရာကြီးကပြောပြမယ်၊ မှတ်သားကြလို့ ကျွန်တော်နားလည် ပါတယ်။ 


ကိုဌေး။ ။

၂။ "ပဌမော ခတ္တိယဝံသော၊ဒုတိယော ဝံသဗြဟ္မ ဏော။ တတိယော ဝေဿိယ ဝံသော။ ပဉ္စမောဗြဟ္မ ဝံသောစ၊('ယ၊ ရ၊ ဝ၊ ဟ')  ဝဏ္ဏောသုဒ္ဒေါ။ ('လ၊ ဠ၊ သ') ဝဏ္ဏောဟီန ဝံသော၊ ဆန္ဒဘေဒေါ ဝိညူဗြုတ္တော" ပညာရှိ ကဝိပါ   သဏ္ဍ၊ဆန်းကျမ်းမြတ်၊မှာတမ်းမိန့်ဆို၏... ။

မောင်ဌေး။ ။အက္ခရာဝဂ် အစုလိုက် လူတန်းစားခွဲပြမယ်လို့ နားလည်ပါတယ်။

ကိုဌေး ။ ။

၃။ ဦးစွာတည်ထား၊ 'က' ဝဂ်ငါးက၊ ခတ္တိယစင်စစ်၊ မင်းလျှင်ဖြစ်၏။

မောင်ဌေး။ ။ မင်းမျိုးမင်းနွယ်=ခတ္တိယဝံသဆိုတော့၊ ၂၀၁၁မှ၂၀၁၅အုပ်ချုပ်သူ မင်းအစုက သမ္မတကြီးဦးသိန်းစိန်နဲ့ ပြည်ခိုင်ဖြိုးဝန်ကြီးအမတ်တွေ။ ၂၀၁၆မှ ၂၀၂၀ထိက သမ္မတဦးထင်ကျော်၊ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ NLDဝန်ကြီးအမတ်တွေက အုပ်ချုပ်သူမင်းတွေပေါ့။

ကိုဌေး ။ ။

၄။ နှစ်ခုမြောက်လှာ၊'စ'ဝဂ်မှာကား၊ ဝံဿာဗြာဟ္မဏ၊ ပညာတတ်ရှင့်။

မောင်ဌေး ။ ။ အစိုးရဌာနတွင်းနဲ့ ပြင်ပပညာရှင်၊ စာပေ ရုပ်ရှင် ဂီတ အစရှိအနုပညာ ပညာရှင်စသည်တွေဆိုလိုပါ့မယ်။ရဟန်းပညာရှိ လူပညာရှိတွေလည်း ပါပါ့မယ်။


ကိုဌေး ။ ။

၅။ တတိယမြောက်၊ 'ဋ'ဝဂ်ရောက်က၊ ဝေဿိယဝံသိုး၊ ကုန်သည်မျိုးတည်း။


၆။ စတုတ္ထောစ၊ လေးဝမြောက်သား၊ 'တ' ဝဂ်ငါးတိ၊ သမ္မုတိနတ်၊ ဥပပတ်နှင့်၊ နတ်မြတ်ပြည့်ရှင်၊ ဘုရင်ဥက္ကဋ္ဌ၊ အစိုးရတည့်။

၇။ ငါးခုမြောက်သော၊ ပဉ္စမောဝယ်၊ 'ပ' ဝဂ်ဆွယ်က၊ ဗြဟ္မ ဝံသာ၊ ဆိုအပ်လှာသော်၊ သူတော်သူမြတ်၊ မြတ်ဗုဒ္ဓနှင့်၊ အရိယနွယ်ဝင်၊ သူတော်စင်တို့။

၈။ 'ယ ရ ဝ ဟ' အက္ခရာနက်၊ ဖွင့်ဆိုချက်ကား၊ ဆင်းရဲသားမျိုး၊ ဆိုရိုးရှိ၏။

၉။'လ၊ ဠ၊ သ' ဝဏ္ဏော၊ ယုတ်ညံ့သောဟု၊ ဝိညောပညာရှိ၊ ကဝိပါသဏ္ဍ၊ ဆန်းကျမ်းမြတ်တွင်၊ ဆိုလေသည်။

၁၀။ 'ဤသို့ဆိုသော်၊ 'က' ဝဂ်မှဝယ်၊ (ဃ) ကိုပယ်က၊ ခတ္တိယမင်း၊ ကွယ်ပျောက်လျှင်းမည် ဖြစ်၏တည်း။


မောင်ဌေး ။ ။ NLDမင်းလက်ထက်၂၀၁၆ ဇွန်လမှာ ဗျည်း၈လုံး စဖြုတ်တဲ့ အထဲ(ဃ)ပါတော့၊ ခတ္တိယ မင်းမျိုးမင်းနွယ် NLDတွေ၊ ၂၀၂၁မှာလျော့ပါးရွေ့လျားပျောက်ကွယ် နေတာနဲ့တိုက်ဆိုင်နေတယ်။ ၂၀၁၈ကတည်းက ခတ္တိယမင်းအ ကြီးဆုံး သမ္မတကြီးဦးထင်ကျော် မထင်ပေါ်တော့ဘဲ ပျောက်ကွယ်တာ အစပဲလို့ခုမှတွေးမိပါတယ်။


ကိုဌေး ။ ။ 

၁၁။ 'စ' ဝဂ်အထဲ၊ (ဈ)မျဉ်းဆွဲပယ်က၊ ဝံသဗြာဟ္မဏ၊ ပညာတတ်တို့၊ မချို့ကွယ်ပပျောက်ကြမည်။

မောင်ဌေး ။ ။ ကိုဗစ်၁၉ရောဂါဆိုးနဲ့ ကွယ်လွန်ကြသူတွေထဲမှာ နယ်ပယ်အသီးသီးက ပညာရှင် ပညာတတ်တွေ ပါနေတယ်။


ကိုဌေး ။ ။

၁၂။ ('ဋ')ဝဂ်ငါးလုံး၊ အသုံးပျောက်က၊ ဝေဿိယဝံသိုး၊ ကုန်သည်မျိုးတို့ ပျောက်ချိမ့်မည်။

မောင်ဌေး ။ ။ စီးပွားရေးသမားတွေ အဆင်မပြေဘူး ဆိုတာပဲသိပါတယ်။


ကိုဌေး ။ ။

၁၃။ 'တ' ဝဂ်ငါးခု၊ သမ္မုတိနတ်၊ ဥပပတ်တည့်၊ နတ်မြတ်ပြည်စိုး၊ မင်းအစိုးရ၊ ဒုက္ခအမှန်ရောက်ကြမည်။

မောင်ဌေး။ ရှင်းမနေတော့ပါ။အားလုံးအမြင်ပါ။ဆရာကြီးဒေါက်တာသန်းထွန်းရေးတာပဲပြောလိုက်ပါ့မယ်။(မင်းဒုက္ခနဲ့မင်း)


ကိုဌေး ။ ။

၁၄။*'လ၊(ဠ)၊သ'ဟီနဝံသော၊ ယုတ်ညံ့သောသူ၊ တိုင်းသူပြည်သား၊ ဆင်းရဲသားတို့၊ အတိဒုက္ခရောက်ကြရာသည်၊ ကဝိပါသဏ္ဍဆန်းကျမ်းမဟော်၊ ဟော မိန့် ဖော်သည်၊ မှတ်တည့်မှတ်ရာမှတ်ကြောင်းတည်း။

မောင်ဌေး ။ ။ ဒါလည်းအထူးရှင်းစရာမလိုပါ။ ပညာရေး ကျန်းမာရေး တာဝန်ရှိသူတွေ တာဝန်မဲ့၊ တာဝန်ပျက်၊ ခံယူချက်ပျက်လို့ သေရေး နေရေး ဒုက္ခဘေးတွေ ကြုံတွေရတာ ဆင်းရဲသားပြည်သူတွေပါ။


ကိုဌေး ။ ။ 

၁၅။ ကဲ.... ဒါဆို၊ ပြင်လိုလျှင်ပြင်ကြဟဲ့၊ သုံးဆယ့်သုံးသွယ်၊ ဗျည်းနက်ကျယ်သည်၊ ဘယ်သူဘယ်ကိန်း ဆိုက်မည်နည်း။

၁၆။ ပြည်ကြီးမျက်လုံး၊ ကဝိထုံးကို၊ အသုံးမကျ၊ လူ့ဗာလတို့၊ ဉာဏ်ထွာတမိုက်၊ မစူးစိုက်ဘဲ၊ ပြင်ရဲပြင်ကြ၊ ဖြစ်လာကြလျှင်၊ ဘယ်ရှင်ပညာရှိ.... ဝန်ခံဘိ....။


မောင်ဌေး ။ ။ ပြည်ခိုင်ဖြိုးအစိုးရက NLDအစိုးရကို နိုင်ငံတာဝန်လွှဲမယ့်၊ ၂၀၁၆ မတ်လမှာ ဗျည်း၈လုံး ဖြုတ်မယ့်အသံကြားနေလို့၊ ဆရာကြီး စိတ်အတော် ထိခိုက် ဟန်ရှိပါတယ်။ ပြင်ချင်ပြင်(ဟဲ့) ပြင်(ရဲ)ပြင် ဆိုပြီးရေးလိုက်တာနော်။ ဗျည်းတလုံးချင်း အနက်အဓိပ္ပါယ်ကျယ်ဝန်းတယ်။ ဘယ်သူ ဘယ်လိုဖြစ်သွားမယ်ဆိုတာ အပိုဒ် ၁၀ ကနေ ၁၄မှာ ပြောထားတယ်။ ရှေးက၊ နိုင်ငံလူမျိုးကို အလင်းပြတဲ့ တိုင်းပြည်မျက်လုံးဖြစ်တဲ့ ပညာရှိသူတော်ကောင်းတွေက မပယ်ကောင်း၊ မဖျက်ကောင်းတဲ့ ရှေးဓလေ့ထုံးတမ်းရိုးရာ ယဉ်ကျေးမှုတွေ သတ်မှတ်ထားခဲ့တာကို၊ ဒီနေ့အသုံးမကျတဲ့ လူ့အမိုက်တကာ့ အမိုက်ဉာဏ် တမိုက်သာရှိတဲ့ ခေတ်ပညာတတ်တွေ ပြင်ရဲပြင်ကြစမ်း။ အပိုဒ် ၁၀ကနေ ၁၄ အတိုင်းဖြစ်လာရင်၊ ဘယ်ဒေါက်တာပညာရှင် ဝန်ခံရဲမလဲလို့ ခံစားမိပါတယ်။ ဆရာကြီး ဟံသာဝတီဦးအုန်းကြိုင်က ကိုလိုနီခေတ်မှာ အသက်၁၉နှစ်ကတည်းက၊ စာနယ်ဇင်းလောကမှာ နေလာသူ။ မြန်မာမှု မြန်မာစာ မြတ်နိုးသူလို့သိရပါတယ်။ အခုလက်ရှိအခြေအနေမှာ သာသူရှိနေရင် သူ့ကဗျာအတိုင်းဖြစ်နေပြီ။ KGသင်ရိုးသစ် ပြုစုသူ၊ ခေတ်ကဝိတွေကိုရော ပညာရေးမူဝါဒဖော်ဆောင်သူတွေကိုပါ ဝေဖန်စာရေးမယ်ထင်ပါတယ်။ အခု KGသင်ရိုးသစ် စီမံသူ ဒေါက်တာပညာရှင်ကြီးလည်း ကိုလိုနီပညာရေး သိမီသူပါ။ သူတို့ ဗျည်း၈လုံးဖြုတ်တဲ့ သင်နည်းသစ် သင်ရိုးသစ်ဟာ ဆရာကြီးမင်းသုဝဏ်တို့ စီမံခဲ့တဲ့ KGကို သတ်ပစ်တာဖြစ်ကြောင်း ၂၀၁၆ ဇွန် စောင့်ကြည့်ဂျာနယ်မှာ (KGကလေး ကျောင်းရောက်လျှင်ရောက်ခြင်း၊ ဗျည်း၃၃လုံးကို ဖတ်ခြင်း၊ရေးခြင်း၊ တိုင်ဆိုခြင်း သင်လာသည့် စနစ်သည် ရှေးမြန်မာမင်းလက်ထက်မှ ကိုလိုနီခေတ်၊ ဖ.ဆ.ပ.လခေတ်၊ မ.ဆ.လ၊ န.ဝတ၊ န.ယ.က၊ ပြည်ခိုင်ဖြိုးဦးသိန်းစိန်အစိုးရခေတ် ထိ နှစ်ထောင်ချီရှိရှေးကဝိတို့ အမွေကို ရွှေအဖြစ် လက်ဆင့်ကမ်းလာရာ၊ မြန်မာစာ ဖခင်ကြီး ဆရာကြီး မင်းသုဝဏ်သား သမ္မတကြီးဦးထင်ကျော် လက်ထက်ရောက်မှ ၁၉၉၅ မှ ၂၀၁၆ ထိပညာရေးကို ထင်သလိုစီမံလာကြသူများ၏ KGသင်ရိုးသစ်ကို အမျိုးသားအစိုးရကြီးက လက်ခံအတည်ပြုလိုက်ရာ၊ ဆရာကြီးမင်းသုဝဏ်အပါအဝင် ပညာရှိသူတော်ကောင်းတို့ မွေးဖွားပေးလိုက်သော "သူငယ်တန်းမြန်မာစာ သင်ပုန်းကြီးဖတ်စာသည် ၂၀၁၆ မေ၃၁တွင် အနိစ္စရောက်ခဲ့ရပြီး၊ အမျှပင် အဝေမခံခဲ့ရသည်ကို သိစေချင်ပါကြောင်း" ဆိုပြီး ကိုဌေးရေးခဲ့ပါတယ်။ အခု န.စ.က ကိုဘယ်လိုအကြံပေးချင်ပါသလဲ။


ကိုဌေး ။ ။ ၂၀၁၆တုန်းက ဆရာကြီးမင်းသုဝဏ်သား ဦးထင်ကျော်ဟာ နိုင်ငံအကြီးအကဲ သမ္မတလုပ်ပိုင်ခွင့်ရှိသူပါ။ ဆရာကြီးမင်းသုဝဏ်ဟာ မြန်မာကလေးသူငယ်တိုင်းအတွက် ကလေးကဗျာ ဖခင်ဖြစ်သလို စာစသင် KGကလေးတွေအတွက် ဖတ်စာပြုပြင်စရာမလိုအောင် စီမံခဲ့တာ၊ ဆရာကြီးမင်းသုဝဏ်တို့စီမံခဲ့တာကို၊ ဦးနေဝင်းအစိုးရကတောင် ၁၉၈၄မှာမပစ်ပယ်သလို၊ ဦးသန်းရွှေခေတ်မှာလည်း ကဗျာအချို့လျော့တာကလွဲလို့ ပုံဖျက်မပစ်ပါဘူး။ သားသမ္မတလက်ထက်မှ အင်္ဂလိပ်ဖျက်တာထက် ဗျည်း၂လုံးအပိုထပ်ဖြုတ်ဖျက်သလို၊ ဖတ်စာလည်းမသင်၊ ရေးတာလည်းမလုပ်၊ စာသင်လ၁၀လလုံးမှဗျည်း၂၅လုံးပဲ ရေးတတ်စေတာ ကလေးကို အချိန်ဖြုန်းပစ်တာ၊ သင်ရိုးအလှဖျက်ပစ်တာပေါ့။ ဗျည်း၈လုံးဖြုတ်လို့ ပညာရေးဘက် အကျိုးဘာမှမရှိတာ အသိသာချည်းပါ။ ကလေးအတွက် ရှေ့ပိုတိုးတက် ခြင်းမရှိတာ ဦးထင်ကျော် မစဉ်းနိုင်တာ ကျွန်တော်တော့ ဦးထင်ကျော်ကိုသနားတယ်။ အပစ်လည်းတင်ချင်တယ်။ ဆရာကြီးမင်းသုဝဏ်သင်ရိုးနဲ့ အခုKGသစ် ကလေးအသိ အတတ်မရအောင်လုပ်ထားတဲ့ သင်ရိုး ဘယ်ဟာကောင်းတယ်ဆိုတာ သာမန်ပြည်သူ တောသားတောင်သိတယ်။ ဒါ့ကြောင့် န.စ.က ကိုပြောချင်တာ ကဦးနေဝင်း၊ ဦးသန်းရွှေခေတ် ဆရာကြီးမင်းသုဝဏ်သင်ရိုးပြန်သင်ပါ။ ဗျည်းစုံ အကုန်တတ်တဲ့အပြင် အသိအတတ်ရစေပြီး၊ NLDခေတ် (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ) ဖျက်လို့လူတန်းစားအသီးသီး အတိဒုက္ခတွေ့ရတာကို ဗျည်းရှစ်လုံးပြန်ထည့်တာနဲ့ ကလေးတွေလည်းစာတတ်၊ နိုင်ငံတဝှမ်းလည်း စိတ်ချမ်းသာမှာဖြစ်ပါကြောင်းနဲ့ ဆရာကြီး ဟံသာဝတီဦးအုန်းကြိုင် သတိပေးကဗျာ အလေးထားသင့်ပါကြောင်း၊ ဗျည်းရှစ်လုံးပြန်ထည့်ဖို့ ညွှန်ကြားတာနဲ့ ဆရာကြီးဇော်ဂျီ၊ မင်းသုဝဏ်တို့ကို ကျေးဇူးဆပ်ရာလည်း ရောက်ပါကြောင်း၊ မြန်မာစာ တန်ဖိုးထားအစိုးရဟုလည်း သမိုင်းတွင်မှာဖြစ်ပါကြောင်း အကြံကောင်းပေး လိုက်ပါတယ်။

 

ကိုဌေး(နတ်မောက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)