ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ရေး ထိန်းချုပ်ရေး Mask Campaign ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ရေး ထိန်းချုပ်ရေး Mask Campaign ပြုလုပ်








MNP ၊ ဖေဖော်ဝါရီ  ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခ

ရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ဖေဖော်ဝါရီ(၂၇)ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။  

       

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ကျန်းမားရေးဝန်ထမ်းများ၊ပြန်ဆက်ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ယာဉ်ထိန်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများတို့က ကျိုက်ထိုမြို့ရှိ လူစည်ကားရာနေရာများဖြစ်သည့်  စည်ပင်သာယာဈေးများနှင့်မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့တို့တွင် ဈေးရောင်း/ဝယ်ပြည်သူများနှင့်ခရီးသွားလာပြည်သူများအား အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ‌‌လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရေး စသည်တို့ကို အသိပညာပေး  ပြောကြားပြီး နှာခေါင်းစည်း Mask များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


သတင်း - သန်းသန်းမော်(ကျိူက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)