ပေါက်တောမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ပါးစပ်နှင့်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ပါးစပ်နှင့်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ











MNP ၊ ဖေဖော်ဝါရီ   ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်း  အိုမီခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကူးစက်ပြန့် ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပေါက်တောမြို့မစျေးကြီးနှင့် ဟင်းသီးဟင်းရွက်၊ သားငါးဈေးအဝင်အထွက်နေရာများ၊ လမ်းဆုံများနှင့်လူစည်ကားနေရာများ၌ပြုလုပ်ကြသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဈေးရောင်း၊ ဈေးဝယ်များ၊ ခရီးသွားပြည်သူများ၊ အငှားယာဉ်မောင်းများနှင့် ဈေးတွင်းအလုပ်သမားများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကူးစက်မှုများအား အသိပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ ပေါက်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် အပြင်သို့ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ တပ်ဆင်ကြရန် လှည့်လည်အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)