မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများအား နှာခေါင်းစည်းMask တပ်ဆင်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများအား နှာခေါင်းစည်းMask တပ်ဆင်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေး









MNP ၊ ဖေဖော်ဝါရီ  ၂၅

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးကြီးနှင့် လမ်းမကြီး တစ်လျှောက်ရှိ ဈေးရောင်းချသူများအား နှာခေါင်းစည်းMask တပ်ဆင်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် ပြုလုပ်ဆောင်ရွက်ခဲ့ ကြသည်။ 


ထိုသို့ဆောင်ရွက်ရာတွင်   ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ  ဦး နေဦး နှင့် ကော်မတီဝင်များ ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးကံထွန်းအောင်  နှင့် ကော်မတီဝင်များ ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေး ကော် မတီ ဝင်များ ၊ ရပ်ကွက် အုပ် ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်  မြို့မဈေးကြီး အတွင်းရှိ ဈေး ရောင်း ၊ ဈေးဝယ်သူများ ၊ လမ်းမကြီး တစ် လျှောက်ရှိ ဈေး ဆိုင် များတွင် ဈေးရောင်း၊ ဈေးဝယ်သူများ နှင့် လမ်းသွား လမ်းလာပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်မှု ရှိ/မရှိ စစ် ဆေးခြင်း  ၊ တပ်ဆင်မှု မရှိသူများကို နှာခေါင်း စည်း Mask များ ဖြန့်ဝေပေးခြင်း ၊ ကိုဗစ်−၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး ဝန် ကြီးဌာနမှ ညွှန်ကြားထားသည့် လိုက်နာ ဆောင်ရွက်ရမည့် အချက် အလက်များအား စည်ပင်သာယာရေးအဖွဲ့မှ လိုက် လံ အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး  နှာခေါင်းစည်း Mask များအား မတပ်ဆင်ဘဲ သွားလာနေ သူ များကို လည်း အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)