NLD အစွန်းရောက်များဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက်များဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ်အသီးသီးချမှတ်




နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာကားဝန်းနေ နိုင်လင်းအောင်(ခ)အီးကွဲ(ခ)ဒဗလျူ (ဘ)ဦးအောင်ဆန်းဝင်းသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ်သတ်မှတ်ကြေညာထားသည့် NLD အစွန်းရောက်များဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေ အတွင်း အကြမ်းဖက်သင်တန်းတက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများနှင့် လက် လုပ်ဗုံးများ သယ်ဆောင်ပေးခြင်းဖြင့် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာ ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းအတွက်ကြောင့်လည်းကောင်း၊ 

မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ အမှတ်(၂)သိင်္ဂီလမ်း၊ ကျောင်းပိုင်းရပ်ကွက်နေ အောင်ဘုန်းကျော်(ခ) ဇီးရိုးတူး(ဘ) ဦးရန်လင်းအောင်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေ အတွင်း အကြမ်းဖက်သင်တန်းတက်ရောက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာထားသည့်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေး ထောက်ပံ့မှုများ လက်ခံရယူခြင်းနှင့် ချုံခိုတိုက်ခိုက်ရာတွင်ပါဝင်ခဲ့ခြင်းဖြင့် အများပြည်သူ၏ လုံခြုံရေး ကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ (သို့မဟုတ်) တစ်ဦး တစ်ယောက်အတွက်အရေးကြီးသော အခြေခံအဆောက်အဦများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အဦကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြလုပ်ခဲ့ခြင်းကြောင့် လည်းကောင်း၊

စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(က) တို့အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင်  ၎င်းတို့အား “ထောင်ဒဏ် တစ်သက် ” ပြစ်ဒဏ် အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။


စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)