NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ ပြည်ဖျက်မိစ္ဆာများ ဖွဲ့စည်းထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ ပြည်ဖျက်မိစ္ဆာများ ဖွဲ့စည်းထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ


MNP ၊ ဖေဖော်ဝါရီ ၃   

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ ပြည်ဖျက်မိစ္ဆာများ ဖွဲ့စည်းထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။  

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှ ဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။  

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် နေ သန္တာလင်းသည် ၎င်းအသုံးပြုသည့် “Lin Htet Naing” Facebook အကောင့်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နေ ဒေါက်တာ မိသီရိနန္ဒာကျော်သည် ၎င်းအသုံးပြုသည့် “Hpa-An News” Facebook Page၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ ဆင်ကန်းရပ်ကွက်နေ မဇာနည်ထွန်း (ခ) ဇာလေး (၄၁)နှစ်သည် ၎င်းအသုံးပြုသည့် “ဇာနည်ထွန်း” Facebook အကောင့်၊ အင်းစိန်မြို့နေ ဟိန်းကိုသက်သည် ၎င်းအသုံးပြုသည့် “မှန်လေးမှန်” Facebook အကောင့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နေ ရဲဝင်းမိုးသည် ၎င်းအသုံးပြုသည့် “Yae Win Moe(Ko Ye)” Facebook အကောင့်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နေ မြင့်သိန်းလွင်သည် ၎င်းအသုံးပြုသည့် “Myint Thein Lwin” Facebook အကောင့်၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စဉ့်ကိုင်မြို့နယ်စည်ပင်သာယာဈေးအတွင်း ဈေးရောင်းချနေသူများဖြစ်သည့် စဉ့်ကိုင်မြို့နေ ထွေးပိုင်၊ ဇင်ဇင်ဝင်း၊ ချယ်ရီဇင်၊ သင်းသင်းရှိန်၊ လင်းလင်းထိုက်၊ ကျော်မျိုးဟိန်း၊ ဝင်းနိုင်၊ မြမြစန်း၊ သင်းနုဝေ၊ ဖြူဖြူသက်နိုင်၊ ကျော်စန်း၊ မြင်းခြံမြို့နေ အမှတ်(၁၆)ရပ်ကွက်၊ စံပြဈေးမှ ဈေးတာဝန်ခံ ချစ်ဆွေ၊ တင်ထွန်း၊ မြင့်ဦးနှင့် ဈေးရောင်းချသူ သူဇာမျိုး နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ (၉)ရပ်ကွက်၊ (၃၂) အောက်လမ်း၊ အမှတ်(၇၃) မြေညီထပ်ရှိ “ပြည်တော်သာ ကျားသင်္ဘော” လက်ဖက်ခြောက်ဆိုင်ပိုင်ရှင် ဝင်းသိန်း ပါ ၁၂ ဦးတို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။   

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရား များ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)