သထုံမြို့မဈေးအတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက လက်လုပ်ချိန်ကိုက် မိုင်းဖြင့် ဖောက်ခွဲမှုကြောင့် ဈေးရောင်း/ဈေးဝယ် ပြုလုပ်နေကြသည့် အပြစ်မဲ့ ပြည်သူ ၉ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့မဈေးအတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက လက်လုပ်ချိန်ကိုက် မိုင်းဖြင့် ဖောက်ခွဲမှုကြောင့် ဈေးရောင်း/ဈေးဝယ် ပြုလုပ်နေကြသည့် အပြစ်မဲ့ ပြည်သူ ၉ဦး ထိခိုက်ဒဏ်ရာရ







MNP ၊ ဖေဖော်ဝါရီ  ၁၈

မွန်ပြည်နယ်၊ သထုံမြို့ရှိ မြို့မဈေးတွင် ယနေ့နံနက်ပိုင်းတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဈေးအတွင်း၌ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဈေးခေါင်းရုံး အပါအဝင် ဈေးဆိုင်ခန်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးရောင်း/ဈေးဝယ်လာသူ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့ရှိ မြို့မဈေးအတွင်းသို့ ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက TNT ယမ်းပြင်းဖြင့် ပြုလုပ်ထားသည် လက်လုပ်ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲမှုကြောင့် ဈေးအတွင်း၌ ဈေးရောင်း/ဈေးဝယ်ပြုလုပ်နေကြသည့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၉ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲမှု ကြောင့် ဈေးခေါင်းရုံးအပါအဝင် ဈေးဆိုင်ခန်း အများအပြားပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သထုံခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသ မှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)