နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
မြို့နယ်အချို့၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီခွဲတွင် ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်း၊ တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် ကျောင်း၏ဘေးပတ်လည်မှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၇ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
အလားတူ ည ၁၂ နာရီခွဲတွင် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းသို့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဇီးဖြူကုန်းကျေးရွာ၏ မြောက်ဘက် ၁ ဖာလုံခန့်အကွာမှနေ၍ လက်လုပ်စိန်ပြောင်း၊ တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၃၀ မိနစ် အကြာတွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
ထိုကဲ့သို့ စာသင်ကျောင်းများနှင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ပစ်ခတ် တိုက်ခိုက်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment