တပ်မတော်သားများကို သပြေပန်းနှင့် ကြိုဆိုခဲ့သည့် တန့်ဆည်မြို့နယ် မူးခွကျေးရွာအား NLD အစွန်းရောက် PDF အကြမ်းသမားများက ပစ်မှတ်ထား လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်သားများကို သပြေပန်းနှင့် ကြိုဆိုခဲ့သည့် တန့်ဆည်မြို့နယ် မူးခွကျေးရွာအား NLD အစွန်းရောက် PDF အကြမ်းသမားများက ပစ်မှတ်ထား လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိ






MNP ၊ ဖေဖော်ဝါရီ ၁၇


ယမန်နေ့က တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာသို့ နယ်မြေရှင်းလင်းရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအတွက် ရောက်ရှိလာသော တပ်မတော်သားများကို ရွာသူရွာသားများက သပြေပန်းကမ်း၍ ကြိုဆိုခဲ့ကြသည်ကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မကျေမနပ်ဖြစ်၍ ပစ်မှတ်ထားတိုက်ခိုက်ရန် လှုံ့ဆော်ရေးသားမှုများ ပြုလုပ်နေသည်ကို တွေ့မြင်ရသည်။


တပ်မတော်သားများအား သပြေပန်းကမ်း၍ ကြိုဆိုနေသည့် ရုပ်သံကို ပြန်လည်ဖော်ပြ၍ " တန့်ဆည်နယ်က မူးခွကျေးရွာကို စာနာညှာတာရန် မလိုလောက်တော့ဘူး ထင်ပါတယ်" ဟုလည်းကောင်း၊ မှတ်ချက်ပေးသူများကလည်း "မြို့နယ်က ထုတ်ပစ်သင့်တယ်၊ ဘယ်သူမှကို ချန်မထားနဲ့၊ ဘာရွာလဲဟ သောက်ရူးတွေ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကုသိုလ်ကောင်တွေကို သပြေပန်းနဲ့ကြိုတယ်ဆိုတော့ ရူးတာမှ ဆေးမရှိအောင် ရူးနေကြပြီထင်တယ်၊ ဘုန်းကြီးကအစ ပျူခေါင်းဆောင်လို့ ကြားတာပဲ။ ရွံစရာကောင်းချက်" အစရှိသော မှတ်ချက်များ ရေးသားထားသည်ကို တွေ့ရသည်။


ဒေသခံ ရွာသားများအနေဖြင့် NLD အစွန်းရောက် PDF အကြမ်းဖက်အန္တရာယ် ဝိုင်းဝန်းကာကွယ်ရေးအတွက် ယောကျ်ားလေး၊ မိန်းခလေး ပြည်သူ့စစ်တပ်ဖွဲ့တွင် ပါဝင်ထမ်းဆောင်နေကြပြီး ကျေးရွာလုံခြုံရေး၊ PDF အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် လက်နက်အလုံအလောက် ချထားပေးသင့်ကြောင်း ဒေသခံများက မျှော်လင့်နေကြသည်။


ယမန်နေ့က မူးခွကျေးရွာသို့ ရောက်ရှိခဲ့သော တပ်မတော်သားများထဲမှ ဆေးတပ်ဖွဲ့ဝင်များက ရွာသူ ရွာသား ၅၀၀ ကျော်ကို ယနေ့ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ဆေးကုသပေးနေသည်ဟု သိရသည်။


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)