ဆောမြို့နယ်ရှိ လုံခြုံရေးရဲတပ်ဖွဲ့စခန်းများအား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက် သမားများက ဝင်ရောက်တိုက်ခိုက်၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ရုံးဌာန အဆောက်အဦ ၈ လုံးနှင့် လူနေအိမ် ၂ လုံးအား မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆောမြို့နယ်ရှိ လုံခြုံရေးရဲတပ်ဖွဲ့စခန်းများအား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက် သမားများက ဝင်ရောက်တိုက်ခိုက်၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ရုံးဌာန အဆောက်အဦ ၈ လုံးနှင့် လူနေအိမ် ၂ လုံးအား မီးရှို့ဖျက်ဆီး











MNP ၊ ဖေဖော်ဝါရီ ၄

NLD အစွန်းရောက်များဖွဲ့စည်းထားသည့် NUG၊ CRPH နှင့် ယင်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုများအကြား အကြောက်တရားများ လွှမ်းမိုးပြီး အုပ်ချုပ်ရေးယန္တရားပျက်ယွင်း လာစေရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများအသုံးပြုကာ ဖောက်ခွဲ တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်မှုယန္တရား များရပ်တန့်စေရေး အတွက် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ ရုံးဌာနအဆောက်အဦများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုကဲ့သို့ အကြမ်းဖက်အဖျက်အမှောက်များ ပြုမူလုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့၊ ဇေယျာရပ်ကွက်ရှိ ဆောမြို့မရဲစခန်းအားလည်းကောင်း၊ တစ်ချိန်တည်းတွင် ဆောမြို့နယ်နှင့် ၁၂ မိုင်ခန့်အကွာ လောင်းရှည်ကျေးရွာရှိ လောင်းရှည်နယ်မြေရဲစခန်းအားလည်းကောင်း၊ NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက် သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ရွပ်ရွပ်ချွံချွံပြန်လည်ခုခံတိုက်ခိုက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ အနောက်ဘက်နှင့် တောင်ဘက်သို့ ထွက်ပြေးဆုတ်ခွာသွားခဲ့သည်။

ထိုသို့ဆုတ်ခွာထွက်ပြေးသွားခဲ့ရာ ဆောမြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံတိုက်ခိုက်မှုများ ကြောင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့များ လိုက်လံချေမှုန်းတိုက်ခိုက်မှု မပြုလုပ် နိုင်စေရန်အတွက် ၎င်းတို့ဆုတ်ခွာထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်၊ ဇေယျာရပ်ကွက် အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၊ သစ်ထုတ်လုပ်ရေးစခန်းရုံး၊ မြေစာရင်းဦးစီး ဌာနရုံး၊ စာရင်းစစ်ဦးစီးဌာနရုံး၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်း ဦးစီးဌာနရုံး၊ မီးသတ်ဦးစီးဌာနရုံးနှင့် မီးသတ်ယာဉ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၊ စုစုပေါင်း ရုံးဌာန ၈ ခုအပြင် လူနေအိမ် ၂ လုံး တို့အား မီးရှို့ဖျက်ဆီးသွားခဲ့ရာ မီးလောင်ကျွမ်းမှု များဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရသည်။

အထက်ပါ မီးလောင်ကျွမ်းမှုများကြောင့် ကာလတန်ဖိုး သိန်း ၂၀၀၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး အဆောက်အဦများနှင့် အများ အများပြည်သူနေအိမ်များအား တဖတ်သက်အစွန်းရောက်ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ် နည်းပါးစွာ မီးရှို့ဖျက်ဆီးခဲ့သော NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူ နိုင်ရေးနှင့်နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)