MNP ၊ ဖေဖော်ဝါရီ ၁၇
မဲလိမ် မခိုးမှုများကြောင့် အာဏာလက်မဲ့ ဖြစ်ခဲ့ရသည့် NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများသည် အာဏာလက်မဲ့ဖြစ်ခဲ့ရပြီး တစ်နှစ်ပြည့်မြောက်သည့် အချိန်တွင် သပိတ်စုံလှုပ်ရှားမှုများ ပြန်လည်လှုံ့ဆော်လာခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက NLD အစွန်းရောက်များဖွဲ့စည်းထားသည့် အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများမပြုလုပ်ကြန် ထုတ်ပြန်အသိပေးခဲ့သည်။
ထိုးသို့ အစွန်းရောက် အရောက်ဖက်များ၏ လှုံ့ဆော်မှုများတွင် ပါဝင်ဆောင်ရွက်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရ နိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီး နောက်ပိုင်း ပေးကြေညာချက်ကို မသိကျိုးကျွန်ပြု၍ လူမှုကွန်ရက်မှ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သူများကို ဖမ်းဆီးအရေးယူခဲ့သည်။
၂၇-၁-၂၀၂၂ ရက်နေ့မှ ၁၆-၂-၂၀၂၂ ရက်နေ့အထိ NLD အစွန်းရောက်များ၏ ဆူပူအကြမ်းဖက် ဝါဒဖြန့်လှုံ့ဆော်မှုများကို ပြန်လည်ဖြန့်ဝေလှုံ့ဆော်သည့် facebook account နှင် Facebook Page ၁၇၀ ကျော်ကို အမှုဖွင့် အရေးယူထားသည်ကို တွေ့ရသည်။
၂၇-၁-၂၀၂၂ ရက်နေ့က “KO News- ကော့ကရိတ် ပွင့်လင်း သတင်းစဉ်” Facebook Page၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ အမှတ် B1/05 Y တွင် ဖွင့်လှစ်ထားသည့် FAMILY HOUSE ဒုတ်ထိုးဟော့ပေါ့ ဆိုင်ပိုင်ရှင် မပြည့်ဖြိုးဝေ (၃၄)နှစ်သည် ၎င်းအသုံးပြုသည့် “Family House- Stick pot” အမည် Facebook Page၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၃)ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ရာ၊ အိမ်အမှတ် (၄၅/၂)နေ ဇော်မျိုးထွဋ် (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “Zaw Myo Htut” Facebookအကောင့်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်း(တောင်)ရပ်ကွက်၊ အမှတ်(၈၀/B)၊ မြေညီထပ်တွင် ဖွင့်လှစ် ထားသည့် “Gucci Aung” မိတ်ကပ် အလှပြင်ဆိုင်ပိုင်ရှင် Gucci Aung(ခ) အောင်ကိုလင်း (၄၁)နှစ် သည် ၎င်းအသုံးပြုသည့် “Gucci Aung” Facebook အကောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်၊ မေတ္တာလမ်း၊ ပဒေသာဈေးတွင် ဖွင့်လှစ်ထားသည့် Kha Kha (ခခ)ကော်ပြန့်ပေါင်း ဆိုင်ပိုင်ရှင် မသဲနုခိုင် (၃၂)နှစ်သည် ၎င်းအသုံးပြုသည့် “ မမ သဲနု” Facebook အကောင့်၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရား အနောက်ဘက်မုဒ်တွင် ဗေဒင်ဟောခန်းဖွင့်လှစ် ထားသည့် ခိုင်ဦး(ခ) သာထက်ဆန်း (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “သာထက်ဆန်း” Facebook အကောင့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇)ရပ်ကွက်၊ ချင်းတွင်း(၃)လမ်း၊ အမှတ်(၆/၆၃)နေ မမြင့်မြင့်စိုး (၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “စားမှာဘဲ ချဉ် ငံ စပ်” Facebook Page၊ တာမွေမြို့နယ် “Hello Mobile” ဖုန်းပြုပြင်ရေးဆိုင်ပိုင်ရှင်ဖြစ်သူ ဖြိုးမြင့်ဇော် (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် Phyo Myint Zaw” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ သူရိန်လမ်းကြား၌ ဖွင့်လှစ်ထားသည့် “SIP Café Club” ဆိုင်ပိုင်ရှင် မဝင်းဝင်းထွန်း၏ အစ်ကိုဖြစ်သူ ဝေလင်းထွန်း (၃၅)နှစ်သည် “SIP Café Club” Facebook Page၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်နေ သူချစ်အောင်(ခ) ချစ်ညို (၂၉)နှစ်သည် ၎င်းအသုံးပြုသည့် “Thu Chit Aung” Facebook အကောင့်၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်နေ အောင်ကျော်ဇော(ခ) ကောင်းစံ (၂၅)နှစ်နှင့် ၎င်း၏ညီဖြစ်သူ ကျော်ညီညီသက် (ခ) ဖိုးညီ (၂၃)နှစ်တို့ ၂ ဦးသည် ၎င်းတို့ဖွင့်လှစ်ထားသည့် “Royal Boots Sneaker” Facebook Page နှင့် ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာနေ နိုင်လင်းစိုးသည် ၎င်းအသုံးပြုသည့် “Naing Lin Soe” Facebook အကောင့်တိုဖြင့် အသိပေးသတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
၂၈-၁-၂၀၂၂ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာနေ တင်နိုင်ဦး(၅၂)နှစ်သည် ၎င်းအသုံးပြုသည့် “Tin Naing Oo” Face book အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၃ လမ်းရှိ Blue BBQ အကင်ဆိုင်၏ပိုင်ရှင်များဖြစ်သော စံထိုက်အောင်(ခ)စံဂျူး(၂၉)နှစ်၊ ကောင်းထက် (ခ)ကော်ကြီး(၂၇)နှစ်နှင့် ဟိန်းဝေလွင်(၃၂)နှစ်တို့ ၃ ဦးသည် ၎င်းတို့အသုံးပြုသည့် “Blue BBQ” Facebook Page၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ မျိုးဝင်းသည် ၎င်းအသုံးပြုသည့် “Myo Win” Facebook အကောင့်၊ လသာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ “အောင်ချမ်းပိုင်” စားသောက်ဆိုင်ပိုင်ရှင် ဝင်းသိန်း(၅၇)နှစ်သည် ၎င်းအသုံးပြုသည့် “Ko Winthein” Facebook အကောင့်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်ကုန်း(တောင်)ရပ်ကွက်၊ ဂန္ဓမာလမ်း၊ အမှတ်(၄၀)နေ အောင်နိုင်ဦး(၄၂)နှစ်သည် ၎င်းအသုံးပြုသည့် “Myanmar Life” Facebook Page၊ ကမာရွတ် မြို့နယ်နေ ကျော်ဦးသည် ၎င်းအသုံးပြုသည့် “Kyaw Kyaw” Facebook အကောင့်၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အိမ်အမှတ်(၂၁၆)နေ ရွှေလုံး(၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “Ko Shwe Lone” Facebook အကောင့်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁၆)ရှိ “မြတ်အထွေထွေရောဂါကုဆေးခန်း”ပိုင်ရှင် ဒေါက်တာ စုမြတ်လင်း(၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “Su Myat Lin” Facebook အကောင့်၊ တာမွေမြို့နယ်နေ အေးမမမျိုးသည် ၎င်းအသုံးပြုသည့် “Aye ma ma myo” Facebook အကောင့်၊ တာမွေမြို့နယ်နေ ချောစုလင်းသည် ၎င်းအသုံးပြုသည့် “Chawsu Lancz” Facebook အကောင့်၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်နေ ခင်မြင့်မွန် သည် ၎င်းအသုံးပြုသည့် “Fsdsn Khin M Mon” Facebook အကောင့် နှင့် တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာနေ နှင်းနှင်းအေး(၂၇)နှစ်သည် ၎င်းအသုံးပြုသည့် “Daw Hnin” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင် ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ ရပါသည်။
၂၉-၁-၂၀၂၂ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ “Kchattar Oo” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ (၁၀)ရပ်ကွက်နေ NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဟောင်းဖြစ်သူ ဒေါက်တာ အေဇင်လတ် အသုံးပြုသည့် “A Zin Latt” Facebook အကောင့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် နေ မနှင်းရည်လင်း (၂၁)နှစ်အသုံးပြုသည့် “နန်းမေထက်ပိုင်” Facebook အကောင့်၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ (၄)ရပ်ကွက်နေ ဖိုးသန့် (ခ) သန့်ဇင်ဝင်း (၄၁)နှစ် အသုံးပြုသည့် “Phoe Thant” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကန်ကောက်အရှေ့ကျေးရွာနေ ချမ်းငြိမ်းအေး(ခ) ရန်ရိရွှင် (၂၇)နှစ်အသုံးပြုသည့် “MQ Pet Shop” Facebook Page၊ ရမည်းသင်းမြို့၊ ဝါတိုးဈေးကုန်းရပ်ကွက်နေ နေမျိုးရောင်ခြည် (ခ)ဖားကြီး (၂၁)နှစ် အသုံးပြုသည့် “Young Chyi (Nay Myo Young Chyi)” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ အမှတ်(၂၄)နေ ရဲမြင့် (၆၄)နှစ်အသုံးပြုသည့် “U KO YE(ကိုရဲ)” Facebook အကောင့်၊ တာမွေမြို့နယ်နေ အကောင့်ပိုင်ရှင်(စိစစ်ဆဲ) အသုံးပြုသည့် “အညာမြေ” Facebook Page၊ တာမွေမြို့နယ်နေ ကျော်မင်း(စိစစ်ဆဲ) အသုံးပြုသည့် “Pyit Tine Htung” Facebook အကောင့်၊ မြောက်ဥက္ကလာပမြို့နယ်နေ အကောင့်ပိုင်ရှင် (စိစစ်ဆဲ) “AP Delivery Service” Facebook Page၊ လသာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ တိုက် (၁၈၂/၁၈၀)၊ ဒုတိယထပ်၊ အခန်းအမှတ်(၁၀၅)နေ ချိုချိုဝင်း (၅၅)နှစ် အသုံးပြုသည့် “Ko Winthein” Facebook အကောင့်၊ စမ်းချောင်းမြို့နယ်၊ သံတံတား ရပ်ကွက်နေ မတိုးတိုးအောင် (၄၄)နှစ် အသုံးပြုသည့် “Zar Aung” Facebook အကောင့်၊ လှိုင်သာယာမြို့နယ်၊ (၁၈)ရပ်ကွက်နေ မိုးကြီး(ခ) ကပ္ပလီ အသုံးပြုသည့် “Moe gyi” Facebook အကောင့်၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ အမှတ် (၈၆)နေ ကိုကိုမောင် (၄၀)နှစ် အသုံးပြုသည့် “Joe Ko Ko Maung” Facebook အကောင့်၊ ဗဟန်းမြို့နယ်နေ အောင်ဝင်းလှိုင် (စိစစ်ဆဲ) အသုံးပြုသည့် “Aung Win Hlaing” Facebook အကောင့်၊ ရန်ကင်းမြို့နယ်၌ အကောင့်ပိုင်ရှင် (စိစစ်ဆဲ)အသုံးပြုသည့် “Padauk Kozar” Facebook အကောင့်၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင်(၃)လမ်း၊ အမှတ်(၁၀၂)နေ ဝင်းမော်ဦး အသုံးပြုသည့် “Win Maw Oo” Facebook အကောင့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ Page ပိုင်ရှင်(စိစစ်ဆဲ) အသုံးပြုသည့် “MKC (Decoration Group)” Facebook Page၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်နေ မနန်းခမ်းယု အသုံးပြုသည့် “Nang Yu Lay” Facebook အကောင့်နှင့် ဝေလံလင်း(ခ) ငိုင်းငိုင် အသုံးပြုသည့် “Wai Yan” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
၃၀-၁-၂၀၂၂ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ် နေ သန့်ဇင်ကို(၂၀)နှစ်အသုံးပြုသည့် “Thant Sin Ko” Facebook အကောင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့နယ်နေ ထွန်းလင်းအသုံးပြုသည့် Facebook အကောင့်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်းရပ်ကွက်နေ နှင်းရီလင်းအသုံးပြုသည့် Facebook အကောင့်၊ ပုလောမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ခိုင်စိုးဝေ(၂၀)နှစ်အသုံးပြုသည့် Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်နေ မချောချောစုအသုံးပြုသည့် “Nanhla Dawei” Facebook အကောင့်၊ ချမ်းမြသာစည်မြို့နယ်နေ ဇော်မျိုးဦးအသုံးပြုသည့် “Sip Café Club” Facebook Page၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ စန်းစန်းဌေး(၃၂)နှစ် အသုံးပြုသည့် “San Lay” Facebook အကောင့်၊ ပုသိမ်ကြီးမြို့နယ်၊ ကန်သာယာရပ်ကွက်နေ လှဝင်းရှိန်(၅၄)နှစ်အသုံးပြုသည့် Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၁၀၄)ရပ်ကွက်နေ မျိုးမင်းသန့်အသုံးပြုသည့် Facebook အကောင့်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်နေ အိသန္တာ(၃၃)နှစ်အသုံးပြုသည့် “Ei Thandar ET” Facebook အကောင့်၊ မင်္ဂလာဒုံမြို့နယ်မှ “MAY MYO” Facebook အကောင့်၊ ရွှေပြည်သာ မြို့နယ်နေ လပြည့်ဝင်းအသုံးပြုသည့် “Richard Michael William” Facebook Page၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ချမ်းသာ(ခ)ညီငယ်(၃၀)နှစ်အသုံးပြုသည့် “စံ ကြက်ဥ၊ ဘဲဥရောင်းဝယ်ရေးမိသားစု” Facebook Page၊ လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ချောစု(၄၆)နှစ် အသုံးပြုသည့် “Chaw Chaw Lay” Facebook အကောင့်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ မင်းမင်းဦးအသုံးပြုသည့် Facebook အကောင့်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ခင်စိုးယု(ခ)စိုးယုအသုံးပြုသည့် “တာချီလိတ် နယူး အေဂျင်စီ” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်း များဆောင်ရွက်ခဲ့ရပါသည်။
၃၁-၁-၂၀၂၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူ မြို့နယ်နေ ဇော်ရှင်းမောင်သည် ၎င်းအသုံးပြုသည့် “Zaw Shinn Maung” Facebook အကောင့်၊ တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကျော်နီမော်ကျေးရွာနေ ထက်မြက်သူ(၂၅)နှစ်သည် ၎င်းအသုံးပြုသည့် “Htet Myat Thu”(နိုရာ) Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖော်တော်သီကျေးရွာ၊ ရတနာပုံကျောင်းတိုက်နေ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောသလ္လ(ခ) ကောင်းဝေယံသန့်(ခ)လမင်းသည် ၎င်းအသုံးပြုသည့် “အရှင်ကောသလ္လ” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ လှိုင်မင်းဦးသည် ၎င်းအသုံးပြုသည့် “Hlaing Min Oo” Facebook အကောင့်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်နေ စိုင်းလူ (၄၅)နှစ်သည် ၎င်းအသုံးပြုသည့် “Sai Lu” Facebook အကောင့်၊ မြင်းခြံမြို့နယ်နေ အောင်မျိုးဇော် (၃၃)နှစ်သည် ၎င်းအသုံးပြုသည့် “Aung Myo Zaw” Facebook အကောင့်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်နေ မေမိုးခင်သည် ၎င်းအသုံးပြုသည့် “May Moe Khin” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်နေ အေးအေးသန်းသည် ၎င်းအသုံးပြုသည့် “Equality Queen” Facebook အကောင့်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ အမှတ်(၈၅၀)နေ အောင်ဇေဖြိုး (၃၃)နှစ်သည် ၎င်းအသုံးပြုသည့် “Aung Zay Phyo” Facebook အကောင့်၊ ကမာရွတ်မြို့နယ်နေ သိန်းနိုင်စိုးသည် ၎င်းအသုံးပြုသည့် “Thein Naing Soe” Facebook အကောင့်၊ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်နေ နန္ဒဖြိုးဝင်း(၃၅)နှစ်သည် ၎င်းအသုံးပြုသည့် “Nanda Phyo Win” Face book အကောင့်၊ အင်းစိန်မြို့နယ်နေ မျိုးသီတာ(ခ) မျိုးမျိုးသည် ၎င်းအသုံးပြုသည့် “Myo Myo” Facebook အကောင့်၊ တောင်ဥက္ကလာပမြို့နယ်နေ နေမျိုးသူသည် ၎င်းအသုံးပြုသည့် “Nay Myo Thu” Facebook အကောင့်၊ တောင်ဥက္ကလာပမြို့နယ်နေ ငုဝါအောင်(ခ)ခင်စံပယ်မင်းသည် ၎င်း အသုံးပြုသည့် “Ngu Wah Aung” Facebook အကောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊ အမှတ်(၁၀၅၁)နေ ဒေါက်တာ ကောင်းထက်နိုင်(၃၃)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ သူနာပြု ဆရာမ အိဖြူလွင်(၃၀)နှစ်တို့သည် ၎င်းတို့အသုံးပြုသည့် “Kaung Htet Naing”၊ “Ei Phyu” Facebook အကောင့်၊ လှိုင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ တိုက်အမှတ်(၁၉၀)၊ (၃)လွှာ၊ အခန်း(၂၀၁)နေ ယဉ်မင်းအေး(၅၀)နှစ်သည် ၎င်းအသုံးပြုသည့် “Yin Min Aye” Facebook အကောင့်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နေ ရန်အောင်(၄၂)နှစ်သည် ၎င်းအသုံးပြုသည့် “Yan Aung” Facebook အကောင့်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်နေ အေးအေးမွန်သည် ၎င်းအသုံးပြုသည့် “ခင်မွန်မွန်အေး” Facebook အကောင့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နေ နုနှင်းရီသည် ၎င်းအသုံးပြုသည့် “ကစ်ကစ်မေမေ” Face book အကောင့်၊ မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာနေ ထူးငယ်(ခ)ငယ်လေး(၃၀)နှစ်သည် ၎င်းအသုံးပြုသည့် “H Nge Nge” Facebook အကောင့်၊ ဇလွန် မြို့နယ်နေ မကျော့ကေခိုင်သည် ၎င်း အသုံးပြုသည့် “ကျော့ကေခိုင်” Facebook အကောင့်နှင့် မြောင်းမြမြို့နယ်နေ စမိုးအောင်ဌေးသည် ၎င်းအသုံးပြုသည့် “Sa Moe Aung” Facebook အကောင့် တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရပါသည်။
အလားတူ ၁-၂-၂၀၂၂ ရက်နေ့က နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ ပျဉ်းမနားမြို့နေ စုစုနိုင်စိုးသည် ၎င်းအသုံးပြုသည့် “Su Su Naing Soe” Facebook အကောင့်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နေ ကျော်ဇေယျသည် ၎င်းအသုံးပြုသည် “Kyaw Zeya” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နေ ကျော်သူရ(ခ) စတိန်နာရမ်သည် ၎င်းအသုံးပြုသည် “ကျော်သူရ” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နေ မီးမီး(ခ) မီမီဆွေသည် ၎င်းအသုံးပြုသည် “Khine Oo” Facebook အကောင့်၊ ဒိုက်ဦးမြို့နေ သီဟထက်အောင် သည် ၎င်းအသုံးပြုသည့် “Thiha Htet Aung” Facebook အကောင့်၊ ပဲခူးမြို့နေသူများသည့် သီတာညိုသောင်းနှင့် သိင်္ဂီအောင်တို့သည် ၎င်းတို့အသုံးပြုသည့် “ဒေါ်သီတာညိုသောင်း” နှင့် “Nan Ei Shwe Ye” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ အောင်ဌေး (ခ)အောင်ခိုင်သည် ၎င်းအသုံးပြုသည် “Aung Khaing” Facebook အကောင့်၊ မဟာအောင်မြေမြို့ နယ်နေ မြင့်မြင့်စန်းသည် ၎င်းအသုံးပြုသည် “Ju Ju Lay” Facebook အကောင့်၊ ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်နေ သန္တာမြင့် (ခ) ရရှီဒါသည် ၎င်းအသုံးပြုသည့် “Amy Myint” Facebook အကောင့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ နေလင်းထက်သည် ၎င်းအသုံးပြုသည့် “Nay Lin Htet” Facebook အကောင့်၊ သာကေတမြို့နယ်နေ နိုင်ဝင်းကျော်(ခ)ကိုနိုင်၊ ကုမုဒြာသန်းဝင်း (ခ) မုနှင့် မိုးသက်ချို(ခ) အိတုံတို့ ၃ ဦးသည် ၎င်းတို့အသုံးပြုသည့် “Nwin Kyaw” Facebook အကောင့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နေသူများဖြစ်သည့် ဝါဝါလှိုင်(ခ)ဝါဝါနှင့် ငြိမ်းအေးအောင်တို့သည် ၎င်းတို့အသုံးပြုသည့် “ဝါဝါ” နှင့် “ငြိမ်းအေးအောင်” Facebook အကောင့် တို့ဖြင့် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရပါသည်။
၂ - ၂ - ၂၀၂၂ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နေ ချောစုဝင်း(ခ) ချောစုသည် ၎င်းအသုံးပြုသည့် “Chaw Su” Facebook အကောင့်၊ ဆိပ်ဖြူမြို့နေ ဌေးမိုးလွင်သည် ၎င်းအသုံးပြုသည့် “Htay Moe Lwin” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ သန္တာအောင်သည် ၎င်းအသုံးပြုသည့် “Thadar” Facebook အကောင့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၃၈)ရပ်ကွက်နေ မထိုက်ထိုက်ဝေ (၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “December Wai” Facebook အကောင့်၊ ခရမ်းမြို့နေ တိုင်းဒေသကြီး (၂) NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ သိန်းဇော်လတ်သည် ၎င်းအသုံးပြုသည့် “Thein Zaw Latt” Facebook အကောင့်နှင့် တောင်ဥက္ကလာပမြို့နယ်နေ ဝေသွယ်ထွန်းနှင့် မောင်မောင်အေးတို့ ၂ ဦးတို့သည် ဆိုင်းဘုတ်များကိုင်ဆောင်ကာ အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရပါသည်။
၃ - ၂ - ၂၀၂၂ ရက်နေ့က နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်နေ သန္တာလင်းသည် ၎င်းအသုံးပြုသည့် “Lin Htet Naing” Facebook အကောင့်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နေ ဒေါက်တာ မိသီရိနန္ဒာကျော်သည် ၎င်းအသုံးပြုသည့် “Hpa-An News” Facebook Page၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ ဆင်ကန်းရပ်ကွက်နေ မဇာနည်ထွန်း (ခ) ဇာလေး (၄၁)နှစ်သည် ၎င်းအသုံးပြုသည့် “ဇာနည်ထွန်း” Facebook အကောင့်၊ အင်းစိန်မြို့နေ ဟိန်းကိုသက်သည် ၎င်းအသုံးပြုသည့် “မှန်လေးမှန်” Facebook အကောင့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နေ ရဲဝင်းမိုးသည် ၎င်းအသုံးပြုသည့် “Yae Win Moe(Ko Ye)” Facebook အကောင့်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နေ မြင့်သိန်းလွင်သည် ၎င်းအသုံးပြုသည့် “Myint Thein Lwin” Facebook အကောင့်၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စဉ့်ကိုင်မြို့နယ်စည်ပင်သာယာဈေးအတွင်း ဈေးရောင်းချနေသူများဖြစ်သည့် စဉ့်ကိုင်မြို့နေ ထွေးပိုင်၊ ဇင်ဇင်ဝင်း၊ ချယ်ရီဇင်၊ သင်းသင်းရှိန်၊ လင်းလင်းထိုက်၊ ကျော်မျိုးဟိန်း၊ ဝင်းနိုင်၊ မြမြစန်း၊ သင်းနုဝေ၊ ဖြူဖြူသက်နိုင်၊ ကျော်စန်း၊ မြင်းခြံမြို့နေ အမှတ်(၁၆)ရပ်ကွက်၊ စံပြဈေးမှ ဈေးတာဝန်ခံ ချစ်ဆွေ၊ တင်ထွန်း၊ မြင့်ဦးနှင့် ဈေးရောင်းချသူ သူဇာမျိုး နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ (၉)ရပ်ကွက်၊ (၃၂) အောက်လမ်း၊ အမှတ်(၇၃) မြေညီထပ်ရှိ “ပြည်တော်သာ ကျားသင်္ဘော” လက်ဖက်ခြောက်ဆိုင်ပိုင်ရှင် ဝင်းသိန်း ပါ ၁၂ ဦးတို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
၄ - ၂ - ၂၀၂၂ ရက်နေ့က နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ ပျဉ်းမနားမြို့နယ်နေ စောအောင်ကျော်မြင့်သည် ၎င်းအသုံးပြုသည့် “Saw Aung Kyaw Myint” Facebook အကောင့်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ တင့်လွင်(ခ) ကိုတင့်(၄၀)နှစ်သည် ၎င်းအသုံးပြုသည့် “Ko Tint,Ko Ngal,Min Lay” Facebook အကောင့်၊ ဘားအံမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ မြင့်နိုင်(၅၅)နှစ်သည် ၎င်းအသုံးပြုသည့် “Myint Naing” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နေ ဆွေဆွေထက်(ခ)ပိုးပိုးသည် ၎င်းအသုံး ပြုသည့် “Poe Poe” Facebook အကောင့်၊ တောင်ငူမြို့နယ်နေ ကျော်စွာလင်းသည် ၎င်းအသုံးပြု သည့် “Kyaw Swar Lwin(ice)” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ ဝင်းသန့်ဦးသည် ၎င်းအသုံးပြုသည့် “Win Thant Oo” Facebook အကောင့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ အောင်မျိုးဆင့်(ခ)ဗိုလ်ဝ(၃၈)နှစ်သည့် ၎င်းအသုံးပြုသည့် “Bo Wa” Facebook အကောင့်၊ ကမာရွတ်မြို့နယ်နေ ဇင်ကိုကိုအောင်(၂၀)နှစ်သည် ၎င်းအသုံးပြုသည့် “Zinko Koaung” Facebook အကောင့်၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၁၂၅)နေ တင်နွယ်နွယ်(ခ)မနွယ်(၄၅)နှစ်သည် ၎င်းအသုံးပြုသည့် “Ma Nwe” Facebook အကောင့်နှင့် ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ အမှတ်(၁၆၇၃/ခ)နေ ယဉ်ယဉ်နွဲ့(၄၅)နှစ်သည် ၎င်းအသုံးပြုသည့် “Yin Yin Nawe” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန် ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများဆောင်ရွက်ခဲ့ရပါသည်။
၅ - ၂ - ၂၀၂၂ ရက်နေ့က နေပြည်တော်ပြည်ထောင်စု နယ်မြေ၊ ပျဉ်းမနားမြို့နယ်နေ ကျော်စွာသည် ၎င်းအသုံးပြုသည့် “Kyaw Swar” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်နေ ခင်စောမျိုးဝင်းသည် ၎င်းအသုံးပြုသည့် “Khin Saw Myo Win” Facebook အကောင့်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အောင်သုခရပ်ကွက်နေ ဘိုဘိုဇော်(၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “BoBo Zaw” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ယွန်းညိုချောသည် ၎င်း အသုံးပြုသည့် “Yoon Nyo Chaw” Facebook အကောင့်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ခိုင်ချမ်းမြေ့သည် ၎င်းအသုံးပြုသည့် “Khaing Chan Myae” Facebook အကောင့်၊ လသာ မြို့နယ်နေ တင်ကိုဇော်သည် ၎င်းအသုံးပြုသည့် “Tin Ko Zaw” Facebook အကောင့်၊ လမ်းမတော် မြို့နယ်နေ ကျော်သီဟသည် ၎င်းအသုံးပြုသည့် “Kyaw Thiha”Facebook အကောင့်၊ အင်းစိန် မြို့နယ်နေ ဌေးဌေးလှိုင်သည် ၎င်းအသုံးပြုသည့် “Htay Htay Hlaing” Facebook အကောင့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်နေ ဖြူဖွေးသည် ၎င်းအသုံးပြုသည့် “Phwe Phwe” Facebook အကောင့်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ရွာသစ်ရပ်ကွက်နေ ဇာခြည်ဝင်း(ခ)အေးမြချမ်း (၃၇)နှစ်သည် ၎င်းအသုံးပြုသည့် “Zar Chi Win” Facebok အကောင့်နှင့် ညောင်ရွှေမြို့နယ်နေ အောင်သန်းကျော်သည် ၎င်းအသုံးပြုသည့် “Aung Than Kyaw” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေ နှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရပါသည်။
၆ - ၂ - ၂၀၂၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နေ စန္ဒာဝင်း (ခ) မမုန်းသည် ၎င်းအသုံးပြုသည့် “Mone Pyay” Facebook အကောင့်၊ ရွှေတောင်မြို့နေ မြခွာညိုဦးသည် ၎င်းအသုံးပြုသည့် “Mya Khwar Nyo Oo” Facebook အကောင့်၊ ကဝမြို့နေ ထင်လင်းထက်သည် ၎င်းအသုံးပြုသည့် “Moe Thway Nyo” Facebook အကောင့်၊ ပေါင်းတည်မြို့နေ လွင်မာဦးသည် ၎င်းအသုံးပြုသည့် “ပန်းလေးချစ်သူ” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နေ ဇေယျာမျိုးသည် ၎င်းအသုံးပြုသည့် “Zayar Myo” Facebook အကောင့်၊ မဟာအောင်မြေမြို့နယ်နေသူများဖြစ်သည့် ဖြူအေးပွင့်၊ သူရအောင်နှင့် ဆန်းဝင်းတို့သည် ၎င်းတို့ အသုံးပြုသည့် “Phyu Aye Pwint”၊ “Thura Aung” နှင့် “U San Win” Facebook အကောင့်များ၊ ရမည်းသင်းမြို့နေ ဆွေဇင်လတ်သည် ၎င်းအသုံးပြုသည့် “Htet Nge Nge (ထက်ငယ်)” Facebook အကောင့်၊ အောင်မြေသာစံမြို့နယ်နေ ဇော်လှိုင်သည် ၎င်းအသုံးပြုသည့် “Zaw Hlaing” Facebook အကောင့်၊ မြင်းခြံမြို့နေ မြင့်မြင့်အေးသည် ၎င်းအသုံးပြုသည့် “မြင့်မြင့်အေး” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ အကောင့်ပိုင်ရှင့် (စိစစ်ဆဲ) အသုံးပြုသည့် “Swe Zin New” Facebook အကောင့်၊ ကမာရွတ်မြို့နယ်နေ ဝဏ္ဏစိုး အသုံးပြုသည့် “Wunna Soe (Edo Vater)” Facebook အကောင့်၊ သာကေတမြို့နယ်နေသူများဖြစ်သည့် သွယ့်ရည်ဝင်းနှင့် သိမ်းသိမ်း တို့ ၂ ဦးသည် ၎င်းတို့အသုံးပြုသည့် “Thwet Ye Wynn” နှင့် “Thein Thein” Facebook အကောင့် များနှင့် ခရမ်းမြို့၊ (၁၁)ရပ်ကွက်၊ အမှတ်(၂၃၇)နေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဟောင်းဖြစ်သည့် လှတိုး (၅၁)နှစ်သည် ၎င်းအသုံးပြုသည့် “လှတိုး” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေ နှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရပါသည်။
၇ - ၂ - ၂၀၂၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်နေ သွန်းသံစဉ်နှင့် မေနွယ်လေးတို့သည် ၎င်းတို့အသုံးပြုသည့် “သွန်းသံစဉ်” Facebook အကောင့်နှင့် “မေနွယ်လေး” Facebook အကောင့်၊ မြောက်ဥက္ကလာပမြို့နယ်နေ ဝဏ္ဏထွန်းနှင့် စိုးမမသူတို့သည် ၎င်းတို့အသုံးပြုသည့် “ဝဏ္ဏထွန်း” Facebook အကောင့်နှင့် “Soe Ma Ma Thu” Facebook အကောင့်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပုံမှန် ဖွင့်လှစ်ခြင်းမရှိဘဲ အသံတိတ်သပိတ်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် “မိဘမေတ္တာ”ဆေးဆိုင်ပိုင်ရှင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးစန်းအောင်တို့သည် အသိပေး သတင်းထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရပါသည်။
၈ - ၂ - ၂၀၂၂ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်စွန်းကျေးရွာနေ နန်းနှင်းနှင်းလှိုင် (၃၀)နှစ် (ဘ)ဦးခွန်ရွှေဌေးသည် ၎င်းအသုံးပြုသည့် “Nann Hnin Hnin Hlaing” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမြူမြို့နေ အောင်ထက်မြတ် သည် ၎င်းအသုံးပြုသည့် “Aung Htet Nway Oo” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက်နေ ခင်သီတာ (၄၀)နှစ် (ဘ) ဦးဝင်းတင့်သည် ၎င်းအသုံးပြုသည့် “ခင်သီတာ” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် နေသူများဖြစ်သည့် အကောင့်ပိုင်ရှင်(စိစစ်ဆဲ)တို့ အသုံးပြု သည့် “Kyaw Thu Win” နှင့် “Lay Lay” Facebook အကောင့်များ၊ တာမွေမြို့နယ်မှ အကောင့်ပိုင်ရှင် (စိစစ်ဆဲ)တို့ အသုံးပြုသည့် “Zaw Myo Oo”၊ “A Nyein W Yan” နှင့် “Aye Aye” Facebook အကောင့်များ၊ လှိုင်မြို့နယ်မှ အကောင့်ပိုင်ရှင် (စိစစ်ဆဲ) အသုံးပြုသည့် “Thet Ko Ko” Facebook အကောင့်နှင့် လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာနေ ဝင်းမင်းနောင်(ခ) မင်းနောင်တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရပါသည်။
၉ - ၂ - ၂၀၂၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်နေ ကျော်ကျော်သည် ၎င်းအသုံးပြုသည့် “Kyaw Kyaw” Facebook အကောင့်၊ မိတ္ထီလာ မြို့နယ်နေ ချောစုသည် ၎င်းအသုံးပြုသည့် “Kandra Laz” Facebook အကောင့်၊ ညောင်ဦးမြို့နယ် နေ ချယ်ရီ(ခ)ချယ်ရီအောင်၊ နှင်းနှင်း(ခ)နှင်းနုဝေနှင့် မင်းသန့်ကို(ခ)ကုလားလေးတို့သည့် ၎င်းတို့ အသုံးပြုသည့် “Cherry” Facebook အကောင့်၊ “Hin Hin” Facebook အကောင့်နှင့် “Min Thant Ko” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ ဥက္ကာမင်းနှင့် ဝိုင်းနဒီကျော် တို့သည် ၎င်းတို့အသုံးပြုသည့် “Okkkar Min” Facebook အကောင့်နှင့် “Wine Nadi Kyaw(Yam Lady Wine)” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်း များ ဆောင်ရွက်ခဲ့ရပါသည်။
၁၀ - ၂ - ၂၀၂၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နေ ဆုမွန်အောင် (ခ) ဆုမွန်ကျော်သည် ၎င်းအသုံးပြုသည့် “Su Mon Aung” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ အကောင့်ပိုင်ရှင် (စိစစ်ဆဲ)များ အသုံးပြုသည့် “Thinzar (wanjai)”၊ “Kyaw Zeya”၊ “Khaung Thi Thi Myint”၊ “Wun Na Tun”၊ “Melody Grace Khong” ၊ “Thwet Yee Wynn” နှင့် “Zaw Myo Oo”Facebook အကောင့်များ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ သီသီမြင့်သည် ၎င်းအသုံးပြုသည့် “Thi Thi Myint” Facebook အကောင့်နှင့် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်လမ်း၊ မုဒိတာအိမ်ရာ၊ တိုက် (၂) အခန်း (B) နေ သက်ပိုင်ဦး (၃၅)နှစ် (ဘ) ဦးသန်းဝင်းသည် ၎င်းအသုံးပြုသည့် “Thet Paing Oo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
၁၁ - ၂ - ၂၀၂၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ ဟန်ဝင်းထွန်းသည် ၎င်းအသုံးပြုသည့် “Han Win Htun” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်နေ ဝတ်မှုံထွန်းသည် ၎င်းအသုံးပြုသည့် “Poineer Sushi Halal Food” Facebook Page၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ အကောင့်ပိုင်ရှင်(စိစစ်ဆဲ) သည် ၎င်းအသုံးပြုသည့် “KYAL Unifrom” Facebook Page၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ သုတအောင်သည် ၎င်းအသုံးပြုသည့် “Thuta Aung” Facebook အကောင့်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်နေ သက်ထွန်းကျော်သည် ၎င်းအသုံးပြုသည့် “သက်ထွန်းကျော်” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
၁၂ - ၂ - ၂၀၂၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နေ ထူးဝေလင်း၊ အောင်ကျော်ဝင်း၊ နိုင်ဝင်းအောင်၊ သိန်းစိုးဦး၊ အေးလွင်၊ ကျော်ဆွေငြိမ်း၊ သောင်းတန်၊ ကောင်းဆက်သူ၊ ဇော်ဇော်၊ သန်းသန်းဌေးနှင့် မိုးမိုးတို့ ၁၁ ဦးသည် ၎င်းတို့အသုံးပြုသည့် Facebook အကောင့်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နေ အကောင့်ပိုင်ရှင် (စိစစ်ဆဲ) အသုံးပြုသည့် “Kyal Uniform” Facebook Pageနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ဇေထက်သည် ၎င်းအသုံးပြုသည့် “Zay Htet” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
၁၄ - ၂ - ၂၀၂၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ မြို့နယ်နေ ခိုင်စံအေးသည် ၎င်းအသုံးပြုသည့် “ခိုင်စံအေး” Facebook အကောင့်၊ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်နေ စိုးမိုးအောင်(ခ)ကိုမိုးသည် ၎င်းအသုံးပြုသည့် “ကိုမိုး” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင် ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက် ခဲ့ရပါသည်။
၁၅ - ၂ - ၂၀၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မြို့နယ်နေ ကျော်စွယ်စုံ(ခ)စွယ်စုံသည် ၎င်းအသုံးပြုသည့် “Georde Swezone” Facebook အကောင့်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နေ ကျော်နှင်းဆီသည် ၎င်းအသုံးပြုသည့် “Htuemyat Myonaing” Facebook အကောင့် တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှု ဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
၁၆ - ၂ - ၂၀၂၂ ရက်နေ့က ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၌ အကောင့်ပိုင်ရှင်(စိစစ်ဆဲ)အသုံးပြုသည့် “Ye Khaung” Facebook အကောင့်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၄)ရပ်ကွက်၊ ဇွဲကပင်(၂)လမ်း၊ အမှတ်(၄၁၆)နေ သင်းသင်းခိုင်(၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “Thin Thin” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားသည် CRPH၊ NUG အကြမ်းဖက်အဖွဲ့များ နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေ ရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ် ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment