NUG လေအစိုးရခေါင်းဆောင်တွေ ရှုံးမယ်ဆိုတာ ကြိုသိလို့ ပြေးကုန်တာ ဟု ဦးမိုးဟိန်းပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG လေအစိုးရခေါင်းဆောင်တွေ ရှုံးမယ်ဆိုတာ ကြိုသိလို့ ပြေးကုန်တာ ဟု ဦးမိုးဟိန်းပြော


MNP ၊ ဖေဖော်ဝါရီ ၁၉

တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆူပူအကြမ်းဖက်မှု၊ လုပ်ကြံသတ်ဖြတ်မှု အစရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်ပေါ်စေရန် ဝါဒဖြန့်လှုံ့ဆော်နေကြတဲ့ NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားတဲ့ NUG အကြမ်းဖက်အဖွဲ့ဟာ ရှုံးမယ်ဆိုတာ ကြိုသိလို့ ပြေးကုန်ကြတာ လို့ ဦးမိုးဟိန်းက ထောက်ပြပြောဆိုလိုက်ပါတယ်။


သူရိယနေဝန်းဂျာနယ်၏ CEO ဦးမိုးဟိန်းက " NUG လေအစိုးရ ခေါင်းဆောင်တွေတောင် ရှုံးမယ်ဆိုတာ ကြိုသိလို ပြေးကုန်တာ၊ အဝေးကနေ မြှောက်ပေးနေတာကို အဟုတ် ထင်မနေကြနဲ့၊ ခေတ်အဆက်ဆက် တော်လှန်လာတာ ပြုတ်ကျသွားတဲ့အစိုးရပဲ ရှိတယ်၊ ပြုတ်ကျသွားတဲ့ စစ်တပ်ဆိုတာ မရှိဘူး" လို့ ပြောဆိုထားပါတယ်။


NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများဟာ မဲလိမ် မဲခိုးမှုများကြောင့် တပ်မတော်က အာဏာထိန်းခဲ့တဲ့အပေါ်မှာ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေ တပ်မတော် အာဏာလုယူသယောင် အများပြည်သူကို နိုင်ငံရေးမှိုင်းတိုက်ပြီး ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်တာတွေနဲ့ ပတ်သက်လို့ ဦးမိုးဟိန်းက အစဉ်တစိုက် ထောက်ပြောဆိုခဲ့ပါတယ်။


ပြည်ပြေး နိုင်ငံရေးလုပ်စားသူ NUG အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ ဝါဒဖြန့် လှုံ့ဆော်မှုတွေကြောင့် PDF အကြမ်းဖက်အဖွဲ့မှာ အကြမ်းဖက်သမားလေးတွေ အဖြစ် ပါဝင်နေကြတဲ့ လူငယ်တွေကိုလည်း လမ်းမှားကို မလိုက်ကြဖို့နဲ့ လက်နက်တွေ အပ်နှံပြီး မိမိတို့ မိသားစုနဲ့အတူ အေးချမ်းစွာ နေထိုင်ကြဖို့ တိုက်တွန်း ပြောဆိုခဲ့ဖူးပါတယ်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)