လူမျိုးလိမ်နာမည်သုံးပြီး တိုင်းပြည်ကို ရောင်းစားဖို့ ကြံစည်နေတဲ့ NUG အကြမ်းဖက်အဖွဲ့၏ ယုတ်မာပက်စက်လှသော အကြံဆိုးနှင့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၏ ဖြေကြားချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမျိုးလိမ်နာမည်သုံးပြီး တိုင်းပြည်ကို ရောင်းစားဖို့ ကြံစည်နေတဲ့ NUG အကြမ်းဖက်အဖွဲ့၏ ယုတ်မာပက်စက်လှသော အကြံဆိုးနှင့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၏ ဖြေကြားချက်


MNP ၊ ဖေဖော်ဝါရီ ၂၃

ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် နိုင်ငံတကာ သတင်းဌာနများ၏ ဆက်သွယ်မေးမြန်းမှုအပေါ် လက်ခံဖြေကြားရာတွင် NUG အကြမ်းဖက်အဖွဲ့က လူမျိုးလိမ်ကို အသိအမှတ်ပြု လက်ခံသွားမည့်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သမိုင်းကြောင်း အချက်အလက်များဖြင့် ဖြေကြားသွားခဲ့သည်။


Asia Shinbon သတင်းဌာနက NUG သည် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်ကို သိရှိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောထားမှာ ရိုဟင်ဂျာများ နိုင်ငံသားအသိအမှတ်ပြုရေးကိစ္စတွင် မည်သို့ရှိသည်ကို သိရှိလိုကြောင်း  မေးမြန်းမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက "လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ မှတ်တမ်းများအရလည်းကောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရလက်ထက် ကောက်ယူသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများစာရင်းတွင်လည်းကောင်း၊ ၁၈၈၁ခုနှစ်၊ ၁၈၉၁ခုနှစ်နှင့် ၁၉၂၁ခုနှစ်၊ ၁၉၃၁ခုနှစ်  လူဦးရေသန်းခေါင်စာရင်းများတွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီး ကောက်ယူသည့် ၁၉၅၃-၅၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း(ပထမအဆင့်)၊ ၁၉၇၃ခုနှစ် လူဦးရေသန်းခေါင်စာရင်း၊ ၁၉၈၃ လူဦးရေသန်းခေါင်စာရင်းနှင့် ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတို့တွင်လည်း ရိုဟင်ဂျာဟူသည့် အမည်ပါဝင်ခဲ့ခြင်းမရှိကြောင်း၊ နယ်ချဲ့ဗြိတိသျှကိုလိုနီခေတ် သန်းခေါင်စာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိသည့်အပြင် ဗြိတိသျှခေတ် (Gazette) များ၌လည်း ပါဝင်ခြင်း မရှိခဲ့ကြောင်း" ဖြေကြားလိုက်ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့် အသိအမှတ်ပြုကတ်ပြား ရရှိရန် ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ "တစ်ဖက်နိုင်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူ ဘင်္ဂလီလူမျိုးများသည် ၎င်းတို့မှာ ဘင်္ဂါလီလူမျိုးများမဟုတ်ကြောင်း၊ ရိုဟင်ဂျာလူမျိုးအဖြစ်သာ အသိအမှတ်ပြုရန် အတင်းအကြပ်တောင်းဆိုနေခြင်းဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသည် ၁၉၈၂မြန်မာနိုင်ငံသားဥပဒေအရ တိုင်းရင်းသားများအား မွေးရာပါ နိုင်ငံသားများအဖြစ်လည်းကောင်း၊ တိုင်းရင်းသားမဟုတ်သူများအား ဥပဒေအရ နိုင်ငံသားအဖြစ်လည်းကောင်း၊ လူမျိုး၊ ဘာသာ၊ ယောက်ျား၊ မိန်းမ မရွေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဥပဒေအရ နိုင်ငံသားအဖြစ် နိုင်ငံသားလျှောက်ထားသူများအနက် မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသူများသည် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံလက်မှတ် (NV Card) ကို ထုတ်ပေးလျှက်ရှိပြီး (NV Card) ကိုင်ဆောင်ထားသူများသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူအဖြစ် အဆုံးအဖြတ်ခံ လျှောက်ထားခွင့်ရှိပါကြောင်း၊ NV Card အား မြန်မာနိုင်ငံအတွင်း တရားဝင်နေထိုင်လျှက်ရှိကြပြီး မည်သည့်အထောက်အထား တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်း မရှိသူ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ ဂေါ်ရခါး၊ ကိုးကန့်၊ ခိုလုံလီရှောနှင့် မုန်းဝန်းလူမျိုးတို့အား ထုတ်ပေးထားပါကြောင်း" ဖြေကြားလိုက်ခြင်း ဖြစ်ပါသည်။

မဲလိမ်မဲခိုးမှုများကြောင့် အာဏာလက်မဲ့ ဖြစ်ခဲ့ရတဲ့ NLD ပါတီဟာ CRPH, NUG အစရှိတဲ့ တရားမဝင် အစွန်းရောက် အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး NUG အကြမ်းဖက်အဖွဲ့ရဲ့ ဝန်ကြီးဆိုသူများက လူမျိုးလိမ်ကို အသိအမှတ်ပြုလက်ခံသွားဖို့ ပြည်တွင်းပြည်ပက လူမျိုးလိမ်အကြောင်းပြုပြီး ငွေရှာနေကြတဲ့ မီဒီယာအမည်ခံ ဆူပူအကြမ်းဖက်လှုံ့ဆော် သတင်းဌာနတွေနဲ့ ဆက်သွယ်ပြောကြားမှုတွေ လုပ်ခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသူတစ်ဦးက "အစောပိုင်းကတော့ တော်လှန်ရေးလိုလို ဘာလိုလို ယုတ္တိရှိသေးတယ်ပေါ့ဗျာ။ နောက်တော့ ဘာမဆိုင် ညာမဆိုင် လူမျိုးလိမ်ကို အသိအမှတ်ပြု လက်ခံသွားမယ်လို့ ပြောလာတာတွေ တွေ့လာရတော့ သူတို့နောက်မှာ ပါနေတဲ့ သူတွေတောင် ပါချင်စိတ်မရှိတော့လောက် စိတ်ပျက်သွားကြတယ်။ ဒီလူမျိုးလိမ်ကိစ္စကလည်း ခေတ်အဆက်ဆက် ဖြေရှင်းနေရတဲ့ ပြဿနာပေါ့ဗျာ။ နိုင်ငံရေး လုပ်စားသူတွေနဲ့ စားဖား မီဒီယာတွေအတွက် ဒီလူမျိုးလိမ်က စီးပွားရေးဈေးကွက်တစ်ခုလို ဖြစ်နေတာပါ။ NLD တွေသာ တိုင်းပြည်အပေါ် သစ္စာရှိမယ်၊ တိုင်းရင်းသားလူမျိုးတွေအပေါ် သစ္စာရှိမယ်ဆိုရင် ဒီလူမျိုးလိမ်နဲ့ ပတ်သက်လို့ မရှိဘူးဆိုတာကို ဦးတင်ဦး ကိုယ်တိုင် ပြောထားပြီးသား။ သူတို့ကိုယ်တိုင် ဘင်္ဂလီအကြမ်းဖက် မူဂျာဟစ်ဒင်သူပုန်ကို နှိမ်နင်းခဲ့ရတဲ့ သမိုင်းကြောင်းနဲ့ ချီပြီး ပြောပြထားတာ ရှိတယ်။ လုပ်စားတာက ယုတ္တိရှိတာကို အကြောင်းပြပြီး လုပ်စားရင် လက်ခံနိုင်စရာ ရှိသေးတယ်။ ယုတ္တိမရှိတဲ့ဟာနဲ့ လုပ်စားတာကြတော့ သရုပ်ပျက်လွန်းတယ်။" လို့ သုံးသပ်ပြောဆိုပါတယ်။

ဒီကနေ့ နိုင်ငံတကာမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်း လူမျိုးလိမ်ဆိုတာ ဘင်္ဂါလီတွေ ဖြစ်ကြောင်းကို သမိုင်းကြောင်းအစဉ်အလာနဲ့တကွ ဖြေကြားလိုက်တာကို တွေ့မြင်လိုက်ရပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)