မြောက်ဦးမြို့ပေါ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့ စက်ဖြင့် အသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ပေါ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့ စက်ဖြင့် အသိပညာပေးနှိုးဆော်




MNP - ဖေဖော်ဝါရီ     ၂၇ 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မိဘပြည်သူများကို ကိုဗစ်-၁၉ မျိုးကွဲသစ်  အိုမီခရွန်(Omicron)  ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်း များကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီး သတ်ဦးစီးဌာနတို့ပူးပေါင်းပြီးများမှမြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အသိပညာပေး နှိုး ဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံနှံမှုပိုမိုများပြားလာ၍ မိမိတို့နိုင်ငံ ထဲတွင်ရောက် ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ မျိုး ကွဲ သစ် အိုမီခရွန်ကို ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် မိမိ တို့နိုင်ငံတွင် စတင်တွေ့ရှိ လာပြီ ဖြစ်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ် ပြန် ထားသော အဓိကလိုက်နာရမည့် အချက်များနှင့် တတ်နိုင်သမျှ မိမိတို့နေအိမ်တွင် နေ ထိုင် ကြ ရန်နှင့် လူအများနှင့်ထိတွေ့ဆက်ဆံပါက Face Shield တပ်ဆင်ထားရန်၊ လူစုလူဝေးနှင့် လူထူထပ်သောနေ ရာများသို့သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊တစ်ဦးနှင့်တစ်ဦး တတ်နိင်သမျှ ၆ ပေအကွာ ခပ်ခွာ ခွာနေထိုင်ကြရန်၊မကြခဏလက်ကို စက္ကန့် ၂၀ ကြာဆေးကြောရန် ၊ဈေးရောင်း ဈေး ဝယ်သူများ အနေဖြင့် Mask တပ်ဆင်၍ ဈေးရောင်းချကြရန်မြို့ပေါ် ရပ်ကွက်များ လမ်းဆုံ၊ လမ်းခွနေရာများ ၊ ဈေးဆိုင်တန်းနေရာများသို့သွား ရောက်ပြီး ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီ ခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေး အသိ ပညာပေးလှည့်လည် နှိုး ဆော် လျက် ရှိကြောင်း သိရှိရသည်။

သတင်း - မြင့်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)