ကျိုက်မရော၌အသက် ၅ နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (OPV) ဆက်လက် တိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရော၌အသက် ၅ နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (OPV) ဆက်လက် တိုက်ကျွေး


MNP - ဖေဖော်ဝါရီ     ၅

ကျိုက်မရောမြို့နယ်တွင် အသက် ၅  နှစ်အောက် ကလေးငယ်များ  ပိုလီယိုရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်နှင့် အနာဂတ်ကလေးငယ်များ၏  ဘဝပိုလီယိုရောဂါ ကင်းဝေးစေရန်  ရည်ရွယ်ချက် ဖြင့် အမီလိုက်  ပိုလီယိုကာကွယ်ဆေး (OPV) ဆေးတိုက်ကျွေးခြင်းကို  ယမန်နေ့နံနက် ၉  နာရီမှစတင်ကာ ဆေးတိုက်စုရပ်များဖြစ်သော အတ္ထရံခန်းမနှင့် ရန်မျိုးအောင်ရပ်ကွက်   အုပ်ချုပ် ရေးမှူးရုံးတို့၌ တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ယခုလိုပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းအားဖြင့် ကလေးငယ်များ ပိုလီယိုရောဂါဖြစ်ပွား ခြင်း၊ကူးစက်ခြင်းတို့မှ ကာကွယ်နိုင်ပြီး ရာသက်ပန် မသန်မစွမ်းဖြစ်ခြင်းဒုက္ခမှ  ကင်းဝေးပြီးကလေး များ၏ အနာဂတ်ဘဝလေးများ  သာယာလှပမှာဖြစ်သည့်အတွက်   ပြည်သူများအနေဖြင့်   မိမိတို့၏ သားသမီးများ အနာဂတ်ဘဝလှပစေရန် ပိုလီယိုကာကွယ်ဆေးကို မပျက်မကွက်တိုက်ကျွေးကြပါရန် နှင့်ဆေးတိုက်စုရပ်များသို့အချိန်မီလာရောက်၍တိုက်ကျွေးနိုင်ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူကပြောသည်။  ယနေ့ပိုလီယိုကာကွယ်ဆေး    တိုက်ကျွေးရာတွင်   မြို့ပေါ်ရပ်ကွက်  ၄ ရပ်ကွက်မှကလေးဦးရေ(၇၄၂)ဦးအားတိုက်ကျွေးပေးနိုင်ခဲ့ကြောင်းကျန်းမာရေးဦးစီးဌာနမှသိရသည်။

သတင်း - ချိုမြတ်မြတ်ထွေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)