MNP ၊ ဖေဖော်ဝါရီ ၁၆
ယမန်နေ့က ရေဦးမြို့နယ်ရှိ PDF အကြမ်းဖက်သမားများကို ဦးဆောင်နေသူ ဆန်စက်ပိုင်ရှင်နှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက " ဒီဆန်စက်ပိုင်ရှင်တွေဖြစ်တဲ့ ဇော်မျိုးနိုင်၊ ဇော်မြင့်ဆိုတာက သူတို့က PDF ကို ထောက်ပံ့ပေးရုံသက်သက် မဟုတ်ဘူး။ သူတို့က ဦးဆောင်ပြီး PDF ကို ခိုင်းစေနေတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်။ သူတို့က တဆင့် အခြားဆန်စက်တွေကိုပါ တစ်လ ၅သိန်း၊ ၁၀သိန်း PDF အတွက် ဆက်ကြေးကောက်ပေးနေတာကိုလည်း သိထားရတယ်။ ဝင်ပြီးစစ်ဆေးလိုက်တဲ့အခါမှာ PDFကို ထောက်ပံ့မယ့် ဆန်အိတ်အမြောက်အများကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်။" ဟု ပြောသည်။
ဆက်လက်၍ "ဒီလို ငွေကြေးဥစ္စာ ပြည့်စုံတဲ့လူတွေက နောက်ကွယ်ကနေ ကြိုးကိုင်ခိုင်းစေနေလို့ လူငယ်တွေ လမ်းမှားကို ရောက်ကုန်တာ။ ဒီလူတွေကို မထိန်းသိမ်းနိုင်ဘူးဆိုရင် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေက ဆက်ဖြစ်နေအုံးမှာပဲ။ လူတစ်ယောက်ကို၊ ရဟန်းတစ်ပါးကို လုပ်ကြံသတ်ဖြတ်ပြီးရင် ငါးသောင်းပေးတယ်၊ စာသင်ကျောင်းကို မီးရှို့၊ ဖောက်ခွဲပြီးရင် ၅သောင်းပေးတယ် ဆိုတာက နောက်ကွယ်ကနေ ဦးဆောင်နေတဲ့ လုပ်ငန်းရှင်တွေက ပေးနေတာပဲ။ အကြမ်းဖက်မှုတွေ အမြန်ဆုံး ချုပ်ငြိမ်းဖို့ဆိုရင်တော့ လက်နက်ကိုင်ပြီး လူမိုက်လိုလို ပေသီးလိုလို လုပ်နေတဲ့ အကြမ်းဖက်သမားတွေကိုလည်း နှိမ်နင်းရမှာ ဖြစ်သလို အကြမ်းဖက်သမားတွေကို ဦးဆောင်နေတဲ့ နောက်ကွယ်က လုပ်ငန်းရှင်တွေကိုလည်း အခုလို ထိန်းသိမ်းနိုင်မှ အမြန်ဆုံး ငြိမ်းချမ်းပါလိမ့်မယ်။" ဟု သုံးသပ်ပြောဆိုသည်။
ရေဦးမြို့နယ်အတွင်း ဇော်မျိုးနိုင်၊ ဇော်မြင့်တို့ကဲ့သို့ PDF ကို ငွေကြေးရိက္ခာထောက်ပံ့ပေးပြီး ဦးဆောင်နေသူတွေ ရှိနေသေးကြောင်း၊ ဆက်လက်ဖော်ထုတ် အရေးယူသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment