မုံရွာမြို့တွင် PDF အကြမ်းဖက်တစ်ဦးအား အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့တွင် PDF အကြမ်းဖက်တစ်ဦးအား အသေဖမ်းဆီးရမိ




MNP ၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် PDF အကြမ်းဖက်သမားတစ်ဦးအား ဖေဖော်ဝါရီ ၁၉ရက် ညပိုင်းက အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် ည ၈နာရီခန့်က မုံရွာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် အနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် PDF အကြမ်းဖက်များ မောင်းနှင်လာသော ဆိုင်ကယ်အားရပ်တန့်စစ်ဆေးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အသင့်ကိုင်ဆောင်လာသော လက်လုပ်သေနတ်အချို့ဖြင့်ပစ်ခတ်မောင်းနှင်ပြေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အကြမ်းဖက်သမားတစ်ဦးအား အသေဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်ကလည်း မုံရွာမြို့နယ်၊ ရွှေတမာကျေးရွာနေ မျိုးဇော်ရှိန်းနှင့် ချစ်လွမ်းကိုကို စီးနင်းလာသော ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ အဆိုပါ နှစ်ဦးမှာPDF အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်ကြောင်း စစ်ဆေးတွေရှိရ၍ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)