မြိုင်မြို့နယ်၊ ကြံစိမ့်ကြီးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးအား PDF အကြမ်းဖက် များမှ ခေါင်းဖြတ်သတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ်၊ ကြံစိမ့်ကြီးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးအား PDF အကြမ်းဖက် များမှ ခေါင်းဖြတ်သတ်



MNP ၊ ဖေဖော်ဝါရီ ၂၀ ရက် 

မြိုင်မြို့နယ်၊ ကြံစိမ့်ကြီးရွာနေ ဒေါ်နန္ဒာဆိုသူ အမျိုးသမီးကြီးတစ်ဦးအား PDF အကြမ်းဖက်သောင်းကျန်းသူများက ဓားဖြင့်ခုတ်သတ်သွားကြောင်း ဒေသခံကျေးရွာနေပြည်သူများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကြံစိမ့်ကြီး ရွာနေ ဒေါ်နန္ဒာ အားPDF အကြမ်းဖက်များမှနေအိမ်သို့ရောက်ရှိလာ၍ ဒလန်ဟုစွပ်စွဲကာ ဓားဖြင့်ခုတ်သတ်သွားခြင်းဖြစ်ကြောင်း ကနဦးသိရသည်။

PDF အကြမ်းဖက်သောင်းကျန်းသူများသည် မြိုင်မြို့နယ်အတွင်း အပြစ်မဲ့ ပြည်သူများနှင့် ရဟန်းသံဃာများ အပေါ် ပစ်မှတ်ထားလုပ်ကြံလျက်ရှိရာ NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူရသည့် ဆရာတော် ၁၇ပါးခန့်ရှိကြောင်း သိရသည်။

NLD, PDF အစွန်းရောက် အကြမ်းဖက် သာသနာဖျက် ပြည်ဖျက်မိစ္ဆာများသည် တိုင်းတပါးသား၊ ဘာသာခြားများထံက ငွေကြေး၊ လက်နက် အထောက်အပံ့ရယူပြီး တိုင်းရင်းသားပြည်သူအချင်းချင်း သတ်ဖြတ်ရုံမျှမက သံဃာတော်များကိုပါ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်နေသည့်အပေါ် NLD, PDF အစွန်းရောက် အကြမ်းဖက်များ၏ လုပ်ရပ်ကို ပြည်သူအများက ရွံမုန်းလာကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)