ရေဦးမြို့နယ်၌ PDF အကြမ်းဖက်သမားများက သံဃာတော် တစ်ပါးအား သင်္ကန်းချွတ် လူဝတ်လဲ ကြိုးဖြင့်တုတ်နှောင်ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဦးမြို့နယ်၌ PDF အကြမ်းဖက်သမားများက သံဃာတော် တစ်ပါးအား သင်္ကန်းချွတ် လူဝတ်လဲ ကြိုးဖြင့်တုတ်နှောင်ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်



MNP ၊ ဖေဖော်ဝါရီ ၁၉

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။


ထိုသို့ပြုလုပ်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာရှိ မင်းရွာမြောက်ဘုန်းတော်ကြီးကျောင်း၌ သီတင်း သုံးနေထိုင်လျက်ရှိသော ဆရာတော် ဥူးစန္ဒေါ (ခ) ဦးစိန်မောင်း (၅၈)နှစ် ဝါတော် (၈)ဝါ (ဘ) ဦးပေါစံ အား PDF အကြမ်းဖက်အဖွဲ့ အင်အား ၅၀ ဦးခန့်က သင်္ကန်းချွတ်လူဝတ်လဲကာ ကြိုးများဖြင့် တုပ်နှောင်၍ ရေဦးကုန်းကျေးရွာအုပ်စု၊ နပေါင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆရာတော်အား ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေအတွင်း လိုက်လံပိတ်ဆို့ရှာဖွေစုံစမ်းခဲ့ရာ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၈ နာရီတွင် နှောကုန်းကျေးရွာအနီးရှိ မူးဘောင်ရေမြောင်းအတွင်း၌ ဆရာတော်အား လည်ပင်း တွင် ကြိုးချည်လျက်ဖြင့်တွေ့ရှိရပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ ရက်စက်စွာ သတ်ဖြတ် မှုကြောင့် နဖူးပြတ်ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာနားထင်မှ ယာပါးအထိ ပြတ်ရှဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။


ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ ရဟန်းသံဃာတော်များအား အကြမ်းဖက်သမားများ၏ ရက်စက်စွာ ရန်ပြုအကြမ်းဖက်မှုကြောင့် နိုင်တော်အတွင်း နေရာအချို့ တို့တွင် သံဃာတော် ၂၄ ပါးပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၉ ပါးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့ ကြောင်း သိရှိရသည်။  အထက်ပါ ဖြစ်စဉ်တွင် ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)