MNP ၊ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်း NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်အဖွဲ့များကို နှိမ်နင်းဖယ်ရှား ရှင်းလင်းမှုများ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။
ပြည်သူ့စစ်ခေါင်းဆောင်က "အစောပိုင်းကတော့ ကျွန်တော်တို့တွေလည်း တိမ်းရှောင်နေရတာပေါ့ဗျာ။ ဒီလိုနေလို့ ဒီကိစ္စက ပြီးမှာ မဟုတ်ဘူး။ ကိုယ်တိုင် ဝိုင်းပြီး ရှင်းလင်းမှ ရမယ်ဆိုတာ သိလို့ ပြည်သူ့စစ်ထဲမှာ ပါဝင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ တပ်မတော်သားတွေကြတော့ နယ်မြေကျွမ်းကျင်မှု အားနည်းမယ်၊ ဘယ်သူ ဘယ်ဝါ ခွဲခြားရခက်တာပေါ့ဗျာ။ ကျွန်တော်တို့ ကြတော့ ကိုယ်တိုင်ခံခဲ့ရတဲ့သူတွေ ဖြစ်တယ်။ ဘယ်ရွာမှာ ဘယ်သူတွေ အကြမ်းဖက်လှုပ်ရှားနေတယ်ဆိုတာလည်း သိတယ်။ ပိုပြီးတော့ အောင်မြင်တာပေါ့။ နယ်မြေစိုးမိုးမှုတော့ ရှိလာပါပြီ။ ကျွန်တော်တို့က စစ်ကြောင်းနဲ့ တခါတည်းလိုက်တယ်။ PDF ရှိတယ်ဆိုရင် ဖမ်းဆီးတယ်။ အဲဒီရွာမှာ တခါတည်း ကင်းစခန်းချပြီး ထားခဲ့တယ်။ PDF ဆိုတာ အနီတွေပဲဗျာ။ ဘယ်ရွာမှာ ဘယ်သူအနီ၊ ဘယ်သူအစိမ်း၊ ဘယ်သူ အပြာ ကျွန်တော်တို့ ဒေသခံတွေက သိနေတာဆိုတော့ လူမှားစရာလည်း အကြောင်းမရှိဘူး။ အကြမ်းဖက်မှုတွေ လုပ်နေတာ အနီတွေပဲ" ဟု ပြောသည်။
ပြည်သူ့စစ်အဖွဲ့အတွင်းသို့ အကြမ်းဖက်ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည့်ကျေးရွာများက အမျိုးသမီးများပါ ဝင်ရောက် တာဝန်ထမ်းဆောင်နေကြကြောင်း၊ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။
ပြည်သူ့စစ်ခေါင်းဆောင်က " မြို့နယ်အတွက် လုပ်နေတော့ ကိုယ့်ရွာတောင် မရောက်သေးပါဘူး။ ညွှန်ကြားချက်ကို စောင့်နေရတယ်။ ညွှန်ကြားလာရင်တော့ ကိုယ့်ရွာကိုယ်လည်း ပြန်ပြီး ရှင်းလင်းရေး လုပ်အုံးမှ ရမယ်။ ကျွန်တော်တို့ ရွာတွေဘက်က အရမ်းဆိုးတယ်လေ။ ရွာပတ်လည်မှာ NLD တွေက မိုင်းထောင်ထားတာတို့၊ သူများလယ်က စပါးတွေကို ရိတ်သိမ်းပြီး ယူတာတွေ လုပ်နေကြတာတော့ ကြာပြီ။ နယ်မြေရှင်းလင်းရေးက တခြားရွာတွေ ဦးစားပေးနေရတော့ ကိုယ့်ရွာဘက်ကို မရှင်းနိုင်သေးဘူး။" ဟု ပြောသည်။
တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာများတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက နေအိမ်မီးရှို့ဖျက်ဆီးမှု၊ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ဒေသခံ ပြည်သူအများအပြား အိုးမဲ့ အိမ်မဲ့ စွန့်ခွါထွက်ပြေး တိမ်းရှောင်နေကြရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment