MNP ၊ ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဇန်နဝါရီလ (၁၇)ရက်နှင့် (၁၈)ရက်နေ့များတွင် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသည့် Phase-5နှင့် Phase-6 တို့မှ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရန် အတွက် ဂွမြို့သာသနာ့ဗိမာန်၊ ပိန္နဲကုန်းဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီထွေ/အုပ် ခန်းမတို့တွင် ယမန်နေ့က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် Sinovacကာကွယ်ဆေးကို စေတနာ့ဝန်ထမ်း(၃)ဦး၊ ပုဂ္ဂလိက စက်ရုံ /အလုပ်ရုံ ဝန်ထမ်း(၁)ဦး၊ ဈေးသူဈေးသား(၃)ဦး၊ ပို့ကုန်/သွင်းကုန် ဝန်ထမ်း(၁)ဦး၊ အခြားဝင်ငွေရ(၁၀)ဦး၊ အခြား/မိသားစု/မှီခို(၁)ဦး စုစုပေါင်း(၁၉)ဦးကလည်းကောင်း၊ Covishield ကာကွယ်ဆေးကို စေတနာ့ဝန်ထမ်း(၁)ဦး၊ သာသနာ့ဝန်ထမ်း(၅)ဦး၊ ပုဂ္ဂလိက စက်ရုံ /အလုပ်ရုံ ဝန်ထမ်း(၂)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၁)ဦး၊ ဈေးသူဈေးသား(၆၀)ဦး၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းဝန်ထမ်း(၂)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း(၁၀)ဦး၊အခြားဝင်ငွေရ(၃၀၅)ဦး၊ အခြား/မိသားစု/မှီခို(၂၄၁)ဦး၊ စုစုပေါင်း(၆၂၇)ဦးက လည်းကောင်း၊ Sinopharm ကာကွယ်ဆေးကို ဈေးသူဈေးသား(၁)ဦး၊ အခြားဝင်ငွေရ(၇)ဦး၊ အခြား/မိသားစု/မှီခို(၂)ဦး စုစုပေါင်း(၁၀)ဦးက လည်းကောင်း လာရောက်ထိုးနှံပြီးခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment