ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Phase-6 ပထမအကြိမ် ထိုးနှံပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Phase-6 ပထမအကြိမ် ထိုးနှံပြီးစီး

MNP - ဖေဖော်ဝါရီ     ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဦးတည်အုပ်စု သတ်မှတ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျေးရွာအုပ်စု ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေး ထိုးနှံလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) Phase-6 ပထမအကြိမ် ထိုးနှံပြီးစီးကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် သံဃာတော်များ၊ သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ဦးတည်အုပ်စုပါဝင်သူများ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား Phase-6၊ ပထမအကြိမ် ၁၄၈၆ ဦး ထိုးနှံပေးခဲ့ကြောင်း၊ Phase-5၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့်သူများကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် ကျန်မာရေး ဦးစီးဌာန ဝန်ထမ်းများက ကိုယ်ရေးအချက်အလက် ကောက်ယူခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုတိုင်းခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်း - မျိုးဝင်းညို 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)