မဲဇလီကုန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်) Phase -7 ဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲဇလီကုန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်) Phase -7 ဆက်လက် ထိုးနှံပေးလျက်ရှိ

 


MNP - ဖေဖော်ဝါရီ     ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ အမှတ် (၂) ရပ်ကွက် ဗိုလ်အောင်ကျော်ခန်းမ ဆေးထိုးစုရပ်တွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေး သည့် ကျေးလက်နေပြည်သူများအား Phase-7 (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသည့် သူများအား Phase-7 (ပထမအကြိမ်) အဖြစ် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေး ခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ခြင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ် ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကာကွယ်‌ရေး နည်းလမ်းများနှင့် အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)