ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့ သုံးခွမြို့နယ်တွင် positive center စင်တာများထားရှိမှုနှင့် နံယောရေထိန်းတံခါးအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့ သုံးခွမြို့နယ်တွင် positive center စင်တာများထားရှိမှုနှင့် နံယောရေထိန်းတံခါးအား ကြည့်ရှုစစ်ဆေး








MNP - ဖေဖော်ဝါရီ    ၁၉

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန် က သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများထားရှိမည့် positive center ထားရှိမှုနှင့် နံယောရေထိန်း တံခါးအား ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် က အမှတ်(၂)ရပ်ကွက် မိုးကုတ်ဝိပဿနာရိပ်သာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်စေလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများကို ဂရုပြုဆောင်ရွက်ပြီး Volunteer များထားရှိ၍ အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကိုယ့်ရပ်ကိုယ့်ရွာတွေကို တာဝန်ရှိစွာဖြင့် စောင့်ရှောက်ပေးစေလိုကြောင်း၊ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒီရောဂါပိုးကြီးကို ကိုယ်တိုင်တိုက်ထုတ်နိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်းသန်းဦး က သုံးခွမြို့နယ်တွင် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သုံးခွမြို့နယ်အနေဖြင့် သင်္ကြန်ကာလတွင် ရေပြတ်လပ်မှု ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် ဒီနှစ်ရေဖူလုံစွာရရှိဖို့ အင်နဲ့အားနဲ့ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် positive center ပြင်ဆင်ထားရှိဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရူ့၍ လိုအပ်သည်များကို မှာကြားပြီးနောက် သုံးခွမြို့နယ် နံယောရေထိန်း တံခါးရှင်းလင်းဆောင်တွင် ရေထိန်းတံခါးမှနေ၍ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ စိုက်ပျိုးရေနှင့် ရေပေးဝေမှုအခြေအနေများကို လည်းကောင်း၊ အမှတ်(၂)ရပ်ကွက် (၃၁) ဧက သောက်သုံးရေကန်မှ မြို့နယ်အတွင်းရှိ နေအိမ်များသို့ ရေပေးဝေနေမှုအခြေအနေများနှင့်လိုအပ်ချက်များကိုမှာကြား ဆွေးနွေးပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးတို့က သုံးခွရေထိန်းတံခါးမှ မြို့ပေါ်ရေကန်များသို့ ပိုက်လိုင်းသွယ်တန်းခြင်း လမ်းကြောင်းပြမြေပုံ၊ သုံးခွရေထိန်းတံခါးမှ (၃၁) ဧကရေကန်သို့ ရေကူဖြည့်တင်းမည့် လုပ်ငန်းများ၊ ရေချိုရောက်ရှိရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ရေကူမြောင်းမတည်ဆောက်ခြင်းနှင့် ဂါလံ(၂၀၀၀၀၀)ဆန့် ရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရူ့စစ်ဆေး၍ လိုအပ်သည်များ မှားကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် သုံးခွ-ရန်ကုန်အထွက် အမှတ် ၅ ရပ်ကွက်ရှိ မဟာစည်သာသနာ့ရိပ်သာတွင် ကိုဗစ်ပိုးတွေ့လူနာများ ထားရှိမည့် positive center များ ပြင်ဆင်ထားရှိမှုအား ဝင်ရောက်ကြည့်ရူ့စစ်ဆေးပြီးနောက် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)