Positive Treatment Centre ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Positive Treatment Centre ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်


MNP - ဖေဖော်ဝါရီ     ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီအချိန်က ဆင်မတောင်ကျေးရွာအုပ်စု၊ ဆင်မတောင် တိုက်နယ်ဆေးရုံတွင် Positive Treatment Centre (Quarantine Centre) ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ယာယီကုသဆောင် ဆောင်ရွက်မည့်နေရာ၊ Positive လူနာများထားရှိမည့် အဆောင်များ၊ သန့်စင်ခန်းများအား သန့်ရှင်းရေး ဆောင်ရွက်ထားရှိရန်၊ သောက်သုံးရေရရှိရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ Volunteer များ ကြိုတင်ရှာဖွေ ထားရှိရန်တို့အား မှာကြားခဲ့သည်။

ထို့နောက် Positive Treatment Centre (Quarantine Centre) ကြိုတင်ပြင်ဆင ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များအား တာဝန်ရှိသူများမှတင်ပြခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

သတင်း - နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)