ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် နေအိမ်ရှိ မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း နှင့် Quarantine Center များ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် နေအိမ်ရှိ မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း နှင့် Quarantine Center များ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်







MNP ၊  ဖေဖော်ဝါရီ  ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် နေအိမ်ရှိ မိသားစုဝင်များ အား စားနပ်ရိက္ခာ များ ထောက်ပံ့ ခြင်း နှင့် Quarantine Center များ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန် က ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ၊ ကရုဏာကွန်ရက် လူမှုကူညီရေးအသင်း ၊ရပ် ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိခဲ့သော (၄)မိုင်ရပ်ကွက်ရှိ  Quarantine ထားရှိသည့် မိသားစုဝင်များ အား  ဆန် ၊ဆီ ၊ကြက်ဉ စသည့် စားနပ် ရိက္ခာများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တ ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။  

ထို့နောက် မြို့ နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ သည်  Quarantine ထားရှိမည့်  ကညင်တန်းရပ်ကွက်ရှိ အဆောက်အဉီ နှင့် လူနာ ၅၀ ခန့် ထားရှိမည့်  မြို့နယ် အား ကစားခန်းမ ကုသရေး Center   တို့တွင်  ရေ ၊ မီး ၊ ကုတင် စသည့် တို့ အဆင်ပြေစေရေးအတွက် ကြို တင်စီစဉ် ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာများတွင်လည်း အသိပညာပေးလုပ်ငန်းများ နေ့စဉ် ဆောင် ရွက် လျက် ရှိ ကြောင်း သိရသည်။


သတင်း - သက်လွင်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)