ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် နေအိမ်ရှိ မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း နှင့် Quarantine Center များ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် နေအိမ်ရှိ မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း နှင့် Quarantine Center များ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး










MNP ၊ ဖေဖော်ဝါရီ  ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် နေအိမ်ရှိ မိသားစုဝင်များအား စားနပ်ရိက္ခာ များ ထောက်ပံ့ ခြင်း နှင့် Quarantine Center များ ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခြင်း ကို ယနေ့ နံနက် ၁၀ နာရီ အချိန် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းနိုင်နှင့်အဖွဲ့ဝင်များ ၊ ကရုဏာ ကွန်ရက် လူမှုကူညီရေးအသင်း  ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်နှင့် အသင်းဝင်များ ၊ရပ် ကွက် ကျေးရွာ အုပ်ချုပ်ရေး မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိခဲ့သော မြို့မရှေ့ရပ်ကွက် နှင့် မြို့မမြောက်ရပ်ကွက်ရှိ Quarantine ထားရှိသည့် မိသားစုဝင်များ အား  ဆန်၊ ဆီ၊ ကြက်ဥ စသည့် စားနပ် ရိက္ခာများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တ ဆင့် ထောက်ပံ့ပေးအပ်ခဲ့သည်။  

ထို့နောက် မြို့ နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ သည်  Quarantine ထားရှိမည့်  မြို့နယ်သာသနာ့ဗိမာန် တွင် ကုတင်များ စီစဉ်ဆောင်ရွက်ခြင်း နှင့် လူနာ ၅၀ ခန့် ထားရှိမည့်  မြို့နယ် အားကစားခန်းမ ကုသရေး Center  တို့တွင်  ရေ ၊ မီး ၊ ကုတင် စသည့် တို့ အဆင်ပြေစေရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


သတင်း - သက်လွင်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)