ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိသူများအား ထားရှိနိုင်ရေး Quarantine Centre များ ကြိုတင် ပြင်ဆင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိသူများအား ထားရှိနိုင်ရေး Quarantine Centre များ ကြိုတင် ပြင်ဆင်ဆောင်ရွက်

 


MNP - ဖေဖော်ဝါရီ     ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ထားရှိနိုင်ရေး Quarantine Centreများ ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမခံရစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအား သီးသန့်ထားရှိနိုင်ရန်အတွက် နေရာ(၆)ခုအား အမှတ် (၂၂)၊ (၂၄)၊ (၂၅)၊ (၇၁)၊ (၇၂)နှင့် လေးထောင့်ရပ်ကွက် ဓမ္မာရုံတို့တွင် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ထားရှိ ဆောင်ရွက်ရေး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များ လမ်းညွှန်ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ပြင်ထားရှိသော နေရာ(၆)ခုတွင် လူဦးရေ (၂၈၀)ဦးအား ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာတွင် အောင်မြင့်မိုရ်ကုသရေးစင်တာ ဖွင့်လှစ်၍ လူနာများအား လက်ခံဆောင်ရွက်ထားရှိရာ ယနေ့ထိ လူနာ(၆၁၄)ဦး ရောက်ရှိခဲ့ပြီး ယမန်နေ့ညအထိ (၂၉၇)ဦး နေအိမ်ပြန်ခွင့်ရရှိ၍ လူနာ(၃၁၇)ဦးကျန်ရှိပြီး ဆရာဝန်(၇)ဦး၊ သူနာပြုများ၊ ကြက်ခြေနီ၊ မြို့နယ်ထွေ အုပ်ဝန်ထမ်း၊ လုံခြုံရေး ဝန်ထမ်းများ၊ Volunteerများ စုစုပေါင်း(၄၀)ဦးဖြင့် စောင့်ရှောက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

သတင်း - သန်းသန်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)