စလင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထားရှိရန် ပြင်ဆင်ထားသည့် Quarantine Centre ကြိုတင်ပြင်ဆင်ထားရှိမှုများကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထားရှိရန် ပြင်ဆင်ထားသည့် Quarantine Centre ကြိုတင်ပြင်ဆင်ထားရှိမှုများကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး


MNP - ဖေဖော်ဝါရီ     ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် ပြင်ဆင်ထားသည့် Quarantine Centre ကြိုတင်ပြင်ဆင်ထားရှိမှုများကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နေ့လယ် ၁ နာရီခွဲမိနစ်အချိန်က လိုက်လံ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့ မိုးကုတ်ရိတ်သာကျောင်းတိုက်အတွင်း ပြင်ဆင်ထားသည့် Quarantine Centre ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ စလင်း မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်ပြီးစီးဖွင့်လှစ်ခဲ့ပြီးနောက် အောက်ဆီဂျင်စက်လည်ပတ်နေမှုများနှင့် စလင်းမြို့ဘောလုံးအားကစားကွင်း အတွင်း ရှိ မိုးလုံလေလုံအားကစားရုံအတွင်း ကိုဗစ်-၁၉ ရောဂါ လူနာများထားရန် ပြင်ဆင်ထားရှိမှုများကို မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဦးတင့်ကျော်နှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ တွေ့ရှိမှုများပြား လာပါက စနစ်တကျ ထားရှိနိုင်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ကျန်းမာရေးအတွက် မရှိမဖြစ်သည့်အိမ်သာမှအစ သေချာစွာပြင်ဆင်ဆောင်ရွက် ထားကြရန်တို့ကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - မောင်လွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)