တံတားဦးမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စမ်းသပ်စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ (၉)ဦးရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စမ်းသပ်စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ (၉)ဦးရှိ


MNP - ဖေဖော်ဝါရီ     ၁၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့်အခမဲ့စမ်းသပ်စစ်ဆေးခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ယနေ့နံနက်က  တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း အလယ်တန်းကျောင်းသား/သူများကို ရွှေအိမ်သူ စာကြည့်တိုက်ရှေ့တွင် စမ်းသပ်စစ်ပေးရာ ရောဂါပိုးတွေ့ရှိသူ (၉)ဦးရှိကြောင်းသိရသည်။

ထိုသို့ကျန်းမာရေးစစ်ဆေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ အထက-တံတားဦးကျောင်း အလယ်တန်းအဆင့် ကျောင်းသား(၁၃၂)ဦး၊ ကျောင်းသူ(၁၅၉)ဦး စုစုပေါင်း(၂၉၁)တို့အား   ကွင်းဆင်းစစ်ဆေးပေးရာ အလယ်တန်းအဆင့် ကျောင်းသား/သူ(၉)ဦး၌  ရောဂါပိုးတွေ့ရှိရကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အကြောင်းပြန်ကြားကြောင်းသိရသည် ။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အဌမတန်း ကျောင်းသား/သူ(၂)ဦး၊ သတ္တမတန်းကျောင်းသား/သူ(၆)ဦး၊ ဆဌမတန်းကျောင်းသူ(၁)ဦးတို့၏ ထိစပ်သူမိသားစုဝင်များအား  တာဝန်ရှိသူများက သီးခြားနေထိုင်ရေးတို့ကို  မှာကြားဆွေးနွေးပြီး အားပေးစကားပြောကြားကြောင်း အထက-တံတားဦး ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။ တံတားဦးမြို့ အခြေခံပညာကျောင်းများတွင် ကျောင်သား/သူများ အေးချမ်းစွာပညာသင် ကြားနိုင်ရေး ရောဂါကင်းဝေးစေရေးတို့အတွက် ယခုလို ကွင်းဆင်းစစ်ပေးခြင်းဖြစ်ကြောင်း နှင့် ကျန်ရှိသော အခြေခံပညာကျောင်းများကိုလည်း ဆက်လက်ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။

သတင်း - ဦးရဲတင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)