ကျောက်ကြီးမြို့နယ် မုန်းဒေသ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test Kit ဖြင့် စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ် မုန်းဒေသ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test Kit ဖြင့် စစ်ဆေး


MNP - ဖေဖော်ဝါရီ     ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ၌ ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက သွားလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test Kit ဖြင့် ရှောင်တခင်စစ်ဆေးခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး မုန်းဒေသ ဈေးရှေ့ လမ်းဆုံ တောင်ငူ-မုပ္ပလင်လမ်းမကြီးပေါ်၌ သွားလာ ပြည်သူ (၁၉၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test Kit ဖြင့်  ရှောင်တခင် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ Positive ပိုးတွေ့ရှိသူ (၅)ဦး တွေ့ရှိပြီး၊ Positive ပိုးတွေ့ရှိသူ(၂)ဦးမှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သဖြင့် ၎င်းတို့နေအိမ်တွင် Home Quarantine (၁၀)ရက်ထားရှိပြီး၊ ကျန်ရှိ Positive ပိုးတွေ့ရှိသူ(၃)ဦးမှာ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသောကြောင့် မုန်းဒေသ တိုက်နယ်ဆေးရုံသို့ ပြောင်းရွေ့ထားရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ Positive ပိုးတွေ့ရှိသူများ၏ မိသားစုဝင်နေအိမ်များအား Lock Down ချ ထိန်းချုပ်ဆောင်ရွက်ထားရှိကြောင်းနှင့် ကျောက်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ စ၍ ယနေ့အထိ ကိုဗစ်-၁၉ Positive ပိုးတွေ့ရှိသူ စုစုပေါင်း(၃၁)ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန သတင်းထုတ်ပြန်ချက်အရသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)