ဖျာပုံမြို့နယ်အတွင်း လမ်းသွားလမ်းလာများနှင့် စျေးရောင်းစျေးဝယ်များအား (RDT) Test Kits ဖြင့် ကိုဗစ်-၁၉ရောဂါ စစ်ဆေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်အတွင်း လမ်းသွားလမ်းလာများနှင့် စျေးရောင်းစျေးဝယ်များအား (RDT) Test Kits ဖြင့် ကိုဗစ်-၁၉ရောဂါ စစ်ဆေး ဆောင်ရွက်

 


MNP - ဖေဖော်ဝါရီ    ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေး ဝန်ထမ်းများသည် မြို့နယ်အတွင်း လမ်းသွား လမ်းလာများနှင့် ဈေးရောင်းဈေးဝယ်သူများအား (RDT) Test Kits ဖြင့်ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် မြောက်ပိုင်း ဈေးနှင့် ဆိပ်ကမ်းသာဈေးတို့၌ ပြုလုပ်ကြသည်။

အဆိုပါ (RDT)TestKitsဖြင့် စစ်ဆေးရာတွင် ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ဖျာပုံမြို့နယ် မြောက်ပိုင်း ဈေးရှေနှင့် ဆိပ်ကမ်းသာဈေးတို့တွင် ဈေးရောင်း/ဈေးဝယ်များ၊ လမ်းသွား လမ်းလာ ပြည်သူများအား (Mark)များဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ( RDT)(Test Kits)ဖြင့် အခမဲ့ကျန်းမာရေး စစ်ဆေးပေးလျက်ရှိကြကြောင်း သိရသည်။

သတင်း - အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)