လယ်ဝေးမြို့နယ် စမတောင်ပရဟိတဂေဟာတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ် စမတောင်ပရဟိတဂေဟာတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေး



MNP - ဖေဖော်ဝါရီ    ၁၇

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စမတောင်ပရဟိတ ဂေဟာတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးမှူးများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ရာတွင် စမတောင်ပရဟိတဂေဟာမှ သံဃာ(၂)ပါးပါ ကျား(၃၂၃)ဦး၊ ဆရာမ(၁၃)ဦးပါ မ(၃၈၇)ဦး၊ စုစုပေါင်း (၇၁၀) ဦးကို စစ်ဆေးရာ ကျား(၄)ဦးနှင့် မ(၁၀)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်။ ထိုရောဂါပိုးတွေ့ရှိသူ (၁၄) ဦးအား ဂေဟာအတွင်းရှိ သီးခြား အဆောင်များတွင်ထားရှိပြီး စမတောင်ကျေးလက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

လယ်ဝေးမြို့နယ် စမတောင်ပရဟိတဂေဟာတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှု များကို စမတောင်ပရဟိတ ဆရာတော် ဦးဉာဏိန္ဒ၊ လယ်ဝေးတပ်နယ်မှ  ဒုဗိုလ်မှူးကြီး မျိုးသော် ထွန်းနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမင်းကျော်သူတို့က ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးသည့် ကလေးငယ်များအား ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

သတင်း - နေဇော်ချစ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)