မျိုးစေ့ပြပွဲ၂၀၂၂ (Seed Fair 2022) ဒုတိယနေ့ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျိုးစေ့ပြပွဲ၂၀၂၂ (Seed Fair 2022) ဒုတိယနေ့ ဆက်လက်ကျင်းပ




 

MNP ၊ ဖေဖော်ဝါရီ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မျိုးစေ့ ပြပွဲ၂၀၂၂ (Seed Fair 2022) ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုး ရေးသိပ္ပံကျောင်း၌ ဆက်လက် ကျင်းပသည်။ 


ပြပွဲတွင် မြန်မာနိုင်ငံမျိုးစေ့အသင်းနှင့် မျိုးစေ့ကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးစီးဌာနများရှိ သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ် ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံမျိုးစေ့၊ ပျိုးပင်ပြခန်း ပြကွက်များနှင့် စိုက်ခင်းများ၊ ပုဂ္ဂလိကပြခန်းများ အပါအဝင် ပြခန်းပေါင်း (၃၅)ခန်း ဖြင့်စုံလင်စွာ ခင်းကျင်းပြသထားသည်။ 


ထိုသို့ ခင်းကျင်းပြသထားမှုကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးတောင်သူများ၊ စိုက်ပျိုးရေးကို စိတ်ဝင်စားသူများ၊ မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် စိုက်ပျိုးရေး သိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြသည်ကို တွေ့မြင်ရသည်။


ထို့ပြင် ပြပွဲ၌ လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့် သုံးကြစို့ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲများ၊ တောင်သူနှီးနှော ဖလှယ်ပွဲများနှင့် နည်းပညာအခြေပြု စိုက်ပျိုးပညာပေးရေး လုပ်ငန်းများကိုလည်း ထည့်သွင်းကျင်းပပေးခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လယ်ယာကဏ္ဍကို စိတ်ဝင်စားသူများအနေဖြင့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် ဗဟုသုတများကို စုံလင်စွာ လေ့လာခွင့် ရခဲ့ကြသည်။


မျိုးစေ့ပြပွဲ ၂၀၂၂ကို မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် လယ်ယာ ကဏ္ဍတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်း ဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ် စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။


ယခုပြပွဲကို “လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်း မျိုးသန့် သုံးကြစို့” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ (၅) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ စိုက်ပျိုးရေး တောင်သူများအနေဖြင့် မိမိတို့ လယ်ယာမြေအမျိုးအစားနှင့် ကိုက်ညီမည့် မျိုးကောင်း မျိုးသန့်များကို လာရောက်လေ့လာခွင့် ရမည်အပြင် စိုက်ပျိုးရေး ဗဟုသုတများစွာလည်း ရရှိမည်ဖြစ်သည့်အတွက် လာရောက် လေ့လာနိုင်ရန် သတင်းကောင်း ပါးအပ်ပါသည်။


သတင်း - ခေတ်လူငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)