ကရသူရိမြို့၊ ပိုကောင်းဆီအုန်း၌ Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပြည်သူများကို ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရသူရိမြို့၊ ပိုကောင်းဆီအုန်း၌ Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပြည်သူများကို ကွင်းဆင်းထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပိုကောင်းဆီအုန်းစခန်း၌ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဒေသခံပြည်သူများအား ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံရန်ကျန်ရှိနေသူများ၊ ဒုတိယအကြိမ်ဆက်လက်ထိုးနှံရမည့်သူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား သတ်မှတ်ရက်အတွင်း ကာကွယ်ဆေးထိုးနှံနိုင်ရေး ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/စာရေးနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး  ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံပေး လျက်ရှိပြီး   လျာထားချက်များအတိုင်း ကျေးရွာအသီးသီးသို့ဆက်လက်၍ ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)