MNP - ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် Sputnik light ကာကွယ်ဆေး ထိုးနှံခြင်းကို Mobile စနစ်ဖြင့် လိုက်လံထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်ကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sputnik light ဆေးများကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင် ထိုးနှံပေးလျက်ရှိကာ ယနေ့အထိ ထိုးနှံပြီးသူပေါင်း ၇၀၀ ကျော် ထိုးနှံပြီးစီး၍ မင်းဘူးမြို့ မင်းဘူးဦးဩဘာသခန်းမနှင့် စကုမြို့ ကန်ဦးရိပ်သာတို့အပြင် Mobile စနစ်ဖြင့် ကန်ရေကားဂိတ်၊ ခရိုင်အားကစားရုံ၊ အဝေးပြေးကားကြီးဝန်းနှင့် မြို့နယ်စိုက်ပျိုးဝင်းအတွင်း ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာများအရောက် ဆက်လက် ထိုးနှံပေး သွားမှာဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်ထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် Covishield မှယနေ့ Sputnik light အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသား/ကျောင်းသူ ၇၅၄၆ ဦး၊ ဒေသခံပြည်သူ ၇၆၉၅၇ ဦး စုစုပေါင်း ၈၄၅၀၃ ဦး ထိုးနှံပြီးစီးသွားပြီး၊ Mobile စနစ်ဖြင့် ကျေးရွာများအရောက် ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရသည်။
သတင်း - ဇေယျာထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment