MNP - ဖေဖော်ဝါရီ ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ မှစတင်၍ အမှတ်(၄)ရပ်ကွက်၊ စဉ့်အိုးတန်းလမ်း မြို့နယ်ဒေသန္တရကျန်းမာရေးဌာန၌ နိုင်ငံဝန်ထမ်းများကို Suptnlk Light Vaccine ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု(၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Doseကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးထိုးရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ တစ်ဌာနချင်း အလိုက်တစ်ဦးနှင့်တစ်ဦး ၃ ပေအကွာမှနေ၍ ကျန်းမာရေး ဝန်ထမ်းများက အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိသူများအား ဆေးထိုးနှံပြီး မိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
လသာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင် ကာကွယ်ဆေး Booster Dose ကို ထိုးနှံပေးပြီး ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများကိုလည်း ဆက်လက် ၍ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်း - မို့မို့သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment