မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှ ထုတ်လုပ်သော Sputnik light ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှ ထုတ်လုပ်သော Sputnik light ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 


MNP - ဖေဖော်ဝါရီ     ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်း ကျဆင်းစေရေး အတွက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှ ထုတ်လုပ်သော Sputnik light ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များမှအပ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်ကြိမ်သာ ထိုးနှံရမည့် ကာကွယ်ဆေးဖြစ်သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကာ ဆေးထိုးနှံပြီးရာတွင်လည်း မိနစ်( ၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်းသိရသည်။

အဆိုပါ Sputnik light ကာကွယ်ဆေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ထောက်ကြန့် ကိုဗစ်စင်တာတို့တွင် နေ့စဉ်ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့် အထက် ပြည်သူ စုစုပေါင်း (၂၀၈၅)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံမှ ထုတ်လုပ်သော Sputnik lightကာကွယ်ဆေးကိုရပ်ကွက်၊ကျေးရွာများ အလိုက် နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်၍ ကာကွယ် ဆေးလုံးဝ မထိုးနှံရသေးသူများသည် မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြား စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။

သတင်း - သန္တာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)